Main menu

Background

ကုလားပဲမျိုးစုံ လက်ကျန်နည်းလို့ မျိုးအတွက် ခက်ခဲစေနိုင်

Wed, 08/19/2015 - 19:01 -- journal_editor

     သြဂုတ်လဒုတိယပတ် ကုလားပဲဈေးကွက်မှာ မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည် တွေရဲ့လက်ထဲ ပဲလက်ကျန် လျော့လာတာနဲ့အမျှ ပြည်ပဝယ်လက်နဲ့ ဒေသတွင်း ကုန်ကြမ်းလိုအပ်ချက်ရှိတဲ့ လုပ်ငန်းသမားတွေရဲ့ ဝယ်လိုအားမြင့် မားလာတာကြောင့် နေ့စဉ်တက်ဈေးဖြစ်နေတာ တွေ့ရပါတယ်။ ယခုနှစ်အစ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကုလားပဲပေါ်ချိန်က ဈေးထက် နှစ်ဆ နီးပါး ဈေးမြောက်လာခဲ့ခြင်းဖြစ်ပြီး   ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၃၀၀၀၀ ကျပ်၊ ၉၂၉  ကုလားပဲ  တစ်တင်း ၃၀၅၀၀ ကျပ်အထိ အသီးသီး အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
     အထူးသဖြင့် ကုလားပဲခြမ်းကို တပ်ရိက္ခာ၊ ရေဘေးအလှူနဲ့ လက်လီ အဝယ် ကောင်းမွန်နေတာကြောင့် ခွဲစက်သမားတွေက ကုန်ကြမ်းမပြတ်အောင် ဈေးပေး ဝယ်ယူတဲ့အတွက် ယခင်က ပဲခွဲခြမ်း တစ်ပိဿာ ၁၁၀၀ ကျပ်ရှိခဲ့ရာက ယခု ၂၀၀၀ ကျပ်ဈေးနဲ့ ဝယ်လိုအားကောင်းနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ အခုလို မျှော်မှန်းမထားဘဲ ဈေးကောင်းရလို့ ကုန်သည်တွေ ရောင်းအားများခဲ့ တဲ့အတွက် လာမယ့်ကုလားပဲစိုက်ရာသီမှာ မျိုးအတွက် အခက်အခဲရှိနိုင်တယ်လို့ သီးနှံပွဲရုံပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

 

ထွန်းလှိုင်-မုံရွာ