Main menu

Background

ပြည်တွင်း ငွေလဲနှုန်းများပြန်လည်မြင့်တက်

Wed, 08/19/2015 - 19:23 -- journal_editor

     ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာခဲ့ရာ တစ်ပတ်အတွင်း ကျပ် ၃၀ ကျော်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကုန်သွယ်ရေးလိုငွေပြလာခြင်းနှင့် ပြည်တွင်းမှ နိုင်ငံခြားငွေလိုအပ်ချက်များ မြင့်တက်လာမှုတို့ကြောင့် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းကို မြှင့်တင်ခဲ့ရာမှ ပြည်တွင်းငွေလဲနှုန်းများမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လဆန်း ပိုင်းက တစ်ဒေါ်လာလျှင် ၁၂၃၄ ကျပ်အထိ ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ကျပ် ၁၂၅၆ အထိမြင့်တက်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများကြောင့်လည်း ယခုကဲ့သို့ဘဏ်များတွင် ေ ငွလဲနှုန်းများမြင့်တက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
     ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ၎င်းင်း၏ငွေကြေးအား ခိုင်မာလာစေရန် အတွက် ငွေကြေးတန်ဖိုးမြှင့်တင်ခြင်းကိုလုပ်ဆောင်လျက်ရှိရာ တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးတန်ဖိုးမှာလည်းကျဆင်းလျက်ရှိ ကြောင်း၊ ဒေါ်လာဈေး အားကောင်း နေခြင်းကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်းသာမက ပြည်ပနိုင်ငံများတွင်လည်း  ငွေတန်ဖိုးများ ကျဆင်းလျက်ရှိကြောင်း သိရသည်။ ဒေါ်လာဈေးအားကောင်းနေချိန်တွင် ဆန်ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းထား သည့်အပြ င် ရေလွှမ်းမိုးမှုများဖြစ် ပေါ်လျက်ရှိသည့်နေရာများသို့ ပြည်ပမှသွင်းကုန် ပစ္စည်းများ ပိုမိုတင်သွင်းနေရခြင်းသည်လည်း ဒေါ်လာဈေးများ ပြန်လည်မြင့်တက် စေသည့်အကြောင်းရင်းတစ်ရပ်ပင်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ် ဦးက ပြော ကြားခဲ့သည်။ သြဂုတ် ၁၀ရက်က ရောင်းဈေး ၁၂၄၂ ကျပ်၊ ဝယ်ဈေး ၁၂၃၇ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ရောင်းဈေး ၁၂၆၅ကျပ်၊ ဝယ်ဈေး ၁၂၅၉ ကျပ်သို့ နှစ်ရက် အတွင်းမှာပင် ကျပ်သုံးဆယ်နီးပါးမြင့်တက်ခဲ့သ ည်။ သြဂုတ်လ ၁၄ရက်နေ့တွင် ရောင်းဈေး ၁၂၇၄ကျပ်၊ ဝယ်ဈေး ၁၂၆၈ကျပ် သို့ ဆက်လက်မြင့်တက်ခဲ့ရာ တစ်ပတ်အတွင်း ကျပ်သုံးဆယ်ကျော် မြင့်တက်ခဲ့ သည်။

 

မယ်သီတာ