Main menu

Background

မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါးမြင့်တက်

Wed, 08/19/2015 - 19:35 -- journal_editor

     ကမ္ဘာ့ရွှေဈေး  မြင့်တက်လာခြင်း နှင့် ငွေလဲနှုန်းများ မြင့်တက်လာခြင်းတို့ ကြောင့် ပြည်တွင်း ရွှေဈေးများ ပြန်လည်မြင့်တက်လာရကြောင်း ရွှေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးသည်  တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးသည် ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာမှုနှင့်အတူ  လိုက်ပါမြင့်တက်ခဲ့ပြီး ပြည်ပရွှေဈေး ကွက်တွင်လည်း  ဈေးများပြန်လည်မြင့် တက်လျက်ရှိသဖြင့် ေ ဈးများ မြင့်တက် လာရခြင်းဖြစ်ကြောင်း သိရသည်။
     "ပြည်တွင်း ငွေလဲနှုန်းကလည်း တစ်ဒေါ်လာကို  ကျပ် ၄၀နီးပါးလောက် တက်လာတယ်လေ။  အဲဒီလိုတက်လာ တဲ့အတွက် ရွှေဈေးလည်း လိုက်တက်ရ တာပါ"ဟု ရွှေကုန်သည်တစ်ဦးကဆိုသည်။ ထို့ပြင် ကမ္ဘာ့ရွှေဈေးသ ည်လည်း  တစ်အောင်စလျှင် ၁၇ ဒေါ်လာခန့်မြင့် တက်လာခြင်းကြောင့် ပြည်တွင်းရွှေ ဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ၎င်းင်းက ထပ်မံပြောကြားသည်။ " တရုတ်နိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ ချေးငွေကိစ္စကြောင့် ကမ္ဘာ့ရွှေဈေး ကွက်မှာ ဝယ်လိုအား  လိုက်လာတယ်။ အဲဒီ အချိန်မှာ ကမ္ဘာ့ရွှေဈေးက ရုတ်တရက် တက်လာတော့ပြည်တွင်းရွှေဈေးလည်း  မြင့်တက်လာရတာပါ။ဒါပေမယ့် ဆက်ပြီး  တက်လိမ့်မယ်လို့တော့ မထင်ပါဘူး"ဟု ရွှေကုန်သည်တစ် ဦးက ထပ်မံ ပြောကြားခဲ့သည်။ မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၁၀ ရက်နေ့က ကျပ် ၇၂၃၀၀၀ ရှိခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ကျပ် ၇၄၆၀၀၀ ရှိခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် ကျပ် ၇၅၀၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည်   သြဂုတ်လ ၁၀ ရက်နေ့က ၁၁၉၀ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၁၂ရက်နေ့တွင် ၁၁၁၁ဒေါ်လာ  သို့ မြင့်တက်ခဲ့သည်။ သြဂုတ်လ ၁၄ ရက်နေ့တွင် ၁၁၁၄ ဒေါ်လာသို့ ဆက် လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ