Main menu

Background

ယွမ်ငွေတန်ဖိုး ကျဆင်းလာမှုနှင့် ကောလာဟလ သတင်းများကြောင့် ပြည်တွင်းငွေလဲနှုန်းများမြင့်တက်

Wed, 08/26/2015 - 16:32 -- journal_editor

      အိမ်နီးချင်းတရုတ်နိုင်ငံတွင် ယွမ် ငွေတန်ဖိုး ကျဆင်းလာမှုနှင့် ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ကောလာဟလသတင်းများကြောင့် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကဘဏ်များနှင့် ပြည်တွင်းရှိ ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာများကို လဲလှယ်၍ရနေသော်လည်း လိုသလောက်ရောင်းချမပေးနိုင်ခြင်းနှင့် ယွမ်ငွေတန်ဖိုးကျဆင်းမှု၏ ဂယက်ကြောင့် ပြည်တွ င်းငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဈေးကွက်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
      ထု့ိပြင် ပြည်တွင်းတွင် လက်ရှိကာလ၌ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ် ရေဘေးကြောင့် သွင်းကုန်ပစ္စည်းများ အများအပြားတင်သွင်းနေခြင်းများကလည်း ပြည်တွင်းငွေလဲနှုန်းကို မြင့်တက်စေသည့် အကြောင်း ရင်းပင်ဖြစ် ကြောင်း၊ မြန်မာ့နိုင်ငံရေးအခြေအနေများကလည်း ပြည်တွင်းငွေလဲနှုန်းကို မြင့်တက်စေခဲ့ကြောင်း ၎င်းကသုံးသပ်ပြောကြားခဲ့သည်။ ဗဟိုဘဏ်မှလည်း ၎င်း၏ ရည်ညွှန်းငွေလဲနှုန်းကို မြှင့်တင်ပေးလိုက်ခြင်းကြောင့် လည်း ပြည်တွင်းငွေလဲနှုန်းများ ကို မြင့်တက်စေသည်ဟု ၎င်းကဆိုသည်။ ဗဟိုဘဏ်သည် ၎င်းင်း၏ ရည်ညွှန်းငွေလဲနှုန်းကို သြဂုတ်လ ၁၇ရက်နေ့က ၁၂၆၆ ကျပ်ဟု ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၁၉ရက်နေ့တွင် ၁၂၇၅ ကျပ်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ သြဂုတ်လ ၂၀ ရက်တွင် ၁၂၈၃ကျပ်သို့လည်းကောင်း၊ သြဂုတ် လ ၂၁ရက်နေ့တွင် ၁၂၈၅ ကျပ်သို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့သည်။
     ထိုကဲ့သို့ ဗဟိုဘဏ်မှ၎င်း၏ ရည်ညွှွန်းငွေလဲနှုန်းများကို နေ့စဉ်မြှင့်တင်နေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။ သြဂုတ်လ ၁၇ရက်နေ့က ပြင်ပငွေဈေးကွက်တွင် ရောင်းဈေး ၁၂၇၇ ကျပ်၊ ၀ ယ်ဈေး ၁၂၇၃ ကျပ်ရှိခဲ့ပြီး သြဂုတ်လ ၁၉ရက်တွင် ရောင်းဈေး ၁၂၉၅ကျပ်၊ ဝယ်ဈေး ၁၂၈၈ကျပ် သို့ ဈေးမြင့်တက်ခဲ့သည်။ သြဂုတ်လ ၂၀ရက်နေ့တွင် ရောင်းဈေး ၁၃၀၅ကျပ် ဝယ်ဈေး ၁၂၉၅ ကျပ် အထိ မြင့်တက်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ရောင်း ဈေး၁၂၉၅ကျပ်၊ ဝယ်ဈေး ၁၂၈၅ကျပ်သို့ အနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့သည်။ သြဂုတ်လ ၂၂ ရက်နေ့ တွင် ရောင်းဈေး ၁၂၉၄ကျပ်၊ ဝယ်ဈေး ၁၂၈၆ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။

 

မယ်သီတာ