Main menu

Background

မုံရွာကုန်စည်ဒိုင် သြဂုတ်လလယ် ပဲဈေးကွက် စိမ်းကြီးအသစ်ဝင်

Wed, 08/26/2015 - 16:57 -- journal_editor

      မုံရွာကုန်စည်ဒိုင် သြဂုတ်လလယ် ပဲဈေးကွက်မှာ ငုံနီ၊ မတ်ပဲ၊ ကုလားပဲစတဲ့ Export ဈေးကွက်ဝင်ပဲတွေ လက်ကျန်နည်းလို့ အရောင်းအဝယ်ပါးနေပေမယ့် နယ်စုံက အသစ်ဝင် လာတဲ့ စိမ်းကြီးကတော့ အရောင်းအဝယ် အ နည်းငယ်သွက်လာခဲ့တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ချင်းတွင်းမြစ်ရေလျှံခြင်းနဲ့ ကင်းလွတ်ခဲ့တဲ့ ဒေသတွေမှာ စိုက်ပျိုးခဲ့ကြတဲ့ စိမ်းကြီးတွေ နယ်စုံ ကဒိုင်ကိုဝင်လာခဲ့ပြီး၊ တစ်တင်း ၃၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
       ယခုတစ်ပတ်မှာ ငုံနီနဲ့မတ်ပဲဈေးကွက်အတွင်း ဝယ်လို အားမြင့်တက်နေခြင်းကြောင့် တစ်တင်း ၅၀၀၀၀ ကျပ် အသီး သီးအမြင့်ဆုံးပေါက်ဈေးဖြစ်ပေါ်ခဲ့ပေမယ့် ပဲလက်ကျန်အခြေ အနေအရ ငုံနီမှာ တစ်ရက်အိတ် ၁၀၀ ခန့်နဲ့ မတ်ပဲမှာ တစ်ရက် အိတ် ၇၀ ခန့်သာ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပြည်တွင်းလုပ်ငန်းသုံးပဲတွေဖြစ်ကြတဲ့ စွန်တာနီ၊ ပဲနီလုံးကြားနဲ့ ပဲပုပ်စေ့ဈေးတွေ အရောင်းအဝယ် အနည်းငယ်ပါးလို့ ကျဈေး အ သီးသီးဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်မှာ စွန်တာနီ တစ်တင်း ၁၇၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်း ၁၈၀၀၀ ကျပ် နဲ့  ပဲပုပ်စေ့တစ်တင်း ၁၇၅၀၀ ကျပ် အသီးသီး အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် က တစ်တင်း ၃၄၀၀၀ ကျပ်ထိ အမြင့်ဆုံးပေါက်ခဲ့တဲ့ ပဲကြီးဈေးမှာ ယခုတစ်ပတ်အတွင်း ကုန်းပဲကြီး တစ်တင်း ၃၃၀၀၀ ကျပ်နဲ့ ရေပဲကြီးတစ်တင်း ၂၈၅၀၀ ကျပ်အသီးသီး ဈေးအနည်းငယ်ကျသွားပြီး အရောင်းအဝယ်လည်း အန ည်းငယ်အေးသွားတယ်လို့  မုံရွာကုန်စည် ဒိုင်ဈေးကွက်က သိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ