Main menu

Background

မုံရွာကုလားပဲဈေးကွက် မျိုးအတွက်ချန်ပြီးမှ ဈေးကွက်ပို့

Wed, 08/26/2015 - 17:10 -- journal_editor

       မုံရွာကုန်စည်ဒိုင် သြဂုတ်လ လလယ်ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ ဝယ်လိုအားဆက်လက်ကောင်းခဲ့ကာ ဈေးအသီးသီးမာလျက်ရှိတာတွေ့ရပါ တယ်။ ရောင်းသူေ ဈးကွက်ဖြစ်နေလို့ ကုလားပဲမျိုးစုံပေါက်ဈေးမှာ ယခုတစ်ပတ် အတွင်း နေ့စဉ်တက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲ ပဲလက်ကျန်နည်းပါးလာတာနဲ့ အမျှ အမြင့်ဈေးရမှ ထုတ်ရောင်း ကြတာမို့ V2 မှာ ၂၇၅၀၀ ကျပ်မှ ၂၉၅၀၀ ကျပ်နဲ့ ၉၂၉ ကုလားပဲမှာ တစ်တင်း ၂၈၂၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်အထိ နေ့စဉ်တက်ေ ဈးဖြစ်ခဲ့ပါတယ်။
        အရောင်းအဝယ်အားဖြင့် နယ်တောင်သူတွေ မျိုးအတွက်ချန်ပြီး ပိုလျှံတာထုတ်ရောင်းမှုရှိခဲ့လို့  တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပြီး ေ ဈးကွက်ထဲမှာ ဝယ်လိုအားဆက်လက်ကောင်းမွန်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ