Main menu

Background

ရာသီဥတုကောင်းမွန်လို့ အောင်ပန်းဈေးကွက်သို့ ချင်းအဝင်လှိုင်

Wed, 08/26/2015 - 18:34 -- journal_editor

       ရာသီဥတုက   အနည်းငယ်ပြန်ပြီး ကောင်းမွန်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ သီးနှံတွေလည်း  အဝင်လှိုင်လာပါတယ်။ ချင်းဥမလည်း ပုံမှန်အဝင်ရှိ နေပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပဝယ်လက်တွေ  မရှိသေးပါဘူး။ စစ်တွေ၊ တောင် ကုတ်လမ်းကလည်း မကောင်းသေးတာကြောင့် ဝယ်လက်တွေကလည်း သိပ်ပြီး မဝယ်ကြသေးဘူးလို့ သိရပါတယ်။
       ပြည်တွင်းသုံး ဝယ်လက်တွေသာ အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်းမှာ ချင်းပိဿာချိန်ပေါင်း ၉၆၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ အရင်နှစ်တွေကတော့ ဒီလိုအချိန်မှာ ပြည်ပဝယ်လက်တွေရော ပြည်တွင်း သုံးတွေပါ အဝယ်ရှိနေလို့ ရောင်းအားကလည်း အတော်ကောင်းခဲ့ပါတယ်။ ဒီနှစ်ရာသီဥတုဆိုးရွားပြီး အဓိကဝယ်လက်တွေဖြစ်တဲ့ စစ်တွေ၊  တောင်ကုတ်၊ ပြည် ဝယ်လက်တွေ အဝယ်ရပ်သွားတာကြောင့် လက်ကျန်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ချင်းခြောက်ကိုတော့ ရန်ကုန်နဲ့နေပြည်တော် ဝယ်လက်တွေက ဝယ်ယူနေပါတယ်။ တစ်ပတ်အတွင်းမှာ ချင်းခြောက်ပိဿာချိန် ၁၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေး ကွက်မှာ ချင်းဥမက တစ်ပိဿာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂၃၀၀ ကျပ်မှ ၂၄၀၀ ကျပ်ဈေးရှိပါတယ်။

 

ဧဧခိုင်-တောင်ကြီး