Main menu

Background

ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာမှ ပြည်တွင်းပြည်ပဈေးကွက်ဝင် ချည်ထည်များထုတ်လုပ်

Thu, 09/03/2015 - 19:34 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာမှာ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံလုံချည်နှင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကြိုက်နှစ်သက်သော ဝတ်စုံရက်လုပ်မှုလုပ်ငန်းဖြင့်အသက်မွေး လုပ်ကိုင်သူ ၁၂၅ ဦးရှိပါတယ်။မြန်မာအမျိုးသမီးများအတွက်ဆိုရင် ၇၅ လက်မကွင်း  အကျယ်တစ်ထည် ၁၂၀၀၀ ကျပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြိုက် ၆၀ လက်မ ကွင်းအကျယ် လုံးစောင်းတစ်ထည် ၁၅၀၀၀ ကျပ်၊ ထူးတစ်ထည် ၅၀၀၀၀ ကျပ်နှင့် ချင်းရိုးရာ (ဆင်သဲနသီး)  ၆၀ လက်မ (ကွင်းကျယ်) ၁၅၀၀၀ ကျပ်ရောင်းချရကြောင်း သိရှိခဲ့ရပါတယ်။ရက်ကန်းရက်လုပ်ခအဖြစ် တစ်ထည်လျှင် ကျပ်၇၀၀၀ ပေးရပြီး နှစ်ရက်ကြာအောင်ရက်လုပ်ရကြောင်းနှင့် ရက်ကန်း တစ်စင်အတွက် ချည်ထည်ပစ္စည်းအပါအဝင် ၄၅၀၀၀၀ ကျပ်ရင်းနှီးရကြောင်း၊ ရက်ကန်းပညာ တတ်သော်လည်း အရင်းအနှီးမရှိ ၍ ရက်ကန်းမရက်နိုင်သူ ၇၀ ဦးရှိကြောင်း၊ ရက်ကန်းပညာကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် သွားရောက်သင်ယူရကြောင်းကို လက်ပုကန်ကျေးရွာ ရက်ကန်းပိုင်ရှင် ဦးအောင်မျိုးက ပြောပြပါတယ်။ ရက်လုပ်ပြီး အထည်များကို မုံရွာမြို့သို့ ဖောက်သည်ပေး သွင်းကြောင်းလည်း သိရပါတယ်။                                                                                                          

သန်းပို-ယင်းမာပင်