Main menu

Background

ဟင်္သာတဆန်ဈေးကွက် ရေကြီးချိန်အရောင်းသွက်ရာမှ ယခုလက်ရှိမှာ ဈေးကျဆင်း အရောင်းအဝယ်အေး

Mon, 09/07/2015 - 17:46 -- journal_editor

ဟင်္သာတမြို့   ကုန်သွယ်မှုမြှင့် တင်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ     ဦးလှိုင် ထွဋ်နဲ့အဖွဲ့က   ဟင်္သာတမြို့ပေါ်ရှိ ဆန် အရောင်းအဝယ် ဖောက်ကားမှု များ ပြားပြီး   ဆန်ကြီး  နှစ်ဆိုင်ဖြစ်သော ဦးတင်ရီပိုင် နေလဆန်ဆိုင်နဲ့ ဦးထူးထူး ပိုင် ထူးထူးဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဈေးကွက်အခြေအနေများကို မေး မြန်းခဲ့ပါတယ်။
ထိုသို့သွားရောက်မေးမြန်းခဲ့ရာ တွင် ဟင်္သာတမြို့ ရေကြောင်းဆိုင်ခန်းရှိ နေလ ဆန်ဆိုင်ပိုင်ရှင် ဦးတင်ရီရဲ့ သား ကိုဖိုးခွားမှ ပြောကြားရာ   ရေကြီးချိန် မိမိတို့ဆန်ဆိုင်သို့ မြို့ပေါ်ရှိ ဆန်စက် များအပြင်   ပုသိမ်၊ ရှားခဲ၊ အထောင်၊ ကွင်းကောက်ဘက်မှ     ဆန်များဝင် ရောက်ပြီး   ၎င်းင်းကာလမှာ အရောင်း သွက်တဲ့ အလတ်စ ရွှေဝါထွန်း၊ ရွှေဝါ ဆန်း ဆန်တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးနှုန်းဖြင့် တစ်နေ့ကို  အိတ်ရေ ၄၀၊ ၅၀ မှ ၁၀၀၊ ၁၅၀ အထိ အရောင်းအဝယ် ပုံမှန်ရှိကြောင်း၊ ယခုအခါ  မြို့ပေါ် စားသုံးသူ အဝယ်သာရှိပြီး ရွှေဝါထွန်း၊ ရွှေဝါဆန်း  တစ်အိတ်ကို ၁၉၅၀၀ ကျပ် မှ ၁၉၀၀၀ ကျပ်အထိ   ဈေးကျလာပြီး နယ်မှ   အဝင်မရှိတော့ကြောင်း၊ ဆန် မဝယ်ဘဲ   ဖွဲနဲ့   ဆန်ကွဲသာ ဝယ်ကြ ကြောင်း၊ ဖွဲနုပေါင် ၇၀ တစ်အိတ်ကို ၉၀၀၀ ကျပ်နဲ့ B၂၃၄  တစ်အိတ်ကို ၁၄၆၀၀ ကျပ်ဈေးဖြင့် ရောင်းရကြောင်း ဈေးမှာ တဖြည်းဖြည်းကျနေပြီး ဆန်မှာ တစ်နေ့ကို ၁၀ အိတ်၊ ၁၅ အိတ်သာ ရောင်းရကြောင်း၊ အချို့သော လောဘ တကြီး ဆန်ဝယ်ထားသူများ   ရှုံးနေကြ ကြောင်း ပြောပါတယ်။
ဆက်လက်၍ ဘူတာကုန်ရုံလမ်း ရှိ   ဦးထူးထူးပိုင် ထူးထူးဆန်ဆိုင်သို့ သွားရောက်မေးမြန်းခဲ့ရာ  ရေကြီးချိန် အလှူဆန်ကာလမှာ အနိမ့်စ ရွှေဝါ ထွန်း၊ ရွှေဝါဆန်း တစ်အိတ်ကို ၁၇၀၀၀ ကျပ်၊ ပုသိမ်ဆန် တစ်အိတ် ၂၂၅၀၀ ကျပ်ဈေးနဲ့   ဝယ်ယူပြီး တစ်အိတ်ကို ၅၀၀ ကျပ်သာ အမြတ်တင်၍ ရောင်းချ ချိန် အရောင်းအဝယ်ကောင်းပြီး တစ် နေ့ကို အိတ်ရေ ၁၀၀ အိတ်၊ ၁၂၅ အိတ် ခန့် ရောင်းချရကြောင်း၊ ယခုအခါ ရွှေဝါ ထွန်း တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ အချွန် (ဧည့်မထလုံးသွယ်) တစ်အိတ် ကို ၂၅၅၀၀ ကျပ်ဖြင့် ဈေးကြီးပေးဝယ် နေရပြီး ဆန်တစ်အိတ်ကို ၅၀၀ ကျပ် သာ အမြတ်တင်ရောင်းချသော်လည်း အိတ်ရေ ၂၀၊ ၃၀ သာ  ရောင်းချရမှုရှိ ကြောင်း ၎င်းင်းကပြောပါတယ်။
ဟင်္သာတမြို့ဝန်းကျင် ရေနစ်မြုပ် သော တစ်ဖက်ကမ်းမှ ရွာများနဲ့ အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ ဈေး ကွက်တွင် ယခင်အလှူဆန်ဝယ်ယူမှု လျော့နည်းသွားချိန် အရောင်းအဝယ် လည်း အေးလျက်ရှိပြီး ၎င်းရွာများ တွင် ရေဘေးအတွက် လှူဒါန်းထားသောဆန်များ အလုံအလောက်ရရှိထားပြီး ယခင်လက်လီဝယ်ယူစားသုံးနေသော ပြည်သူများမှာ အလှူဆန် ၁၊ ၂ အိတ် ခန့်ရရှိကာ   ဆန်ဖူလုံမှုရှိနေသည့် အတွက် ကောက်စောပေါ် ချိန်အထိ အရောင်းအဝယ်အေးသွားနိုင်ကြောင်း ဦးထူးထူးက  ဆက်လက်ပြောကြားပါ တယ်။     
မင်းမင်းဦး-ပုသိမ်