Main menu

Background

ပြည်တွင်းဆန်လက်ကျန် နည်းလာချိန်မှာ တရုတ်လိုင်းက ဈေးတိုးပေးဝယ်ယူနေ

Fri, 10/30/2015 - 15:57 -- journal_editor

              ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ  အောက်တိုဘာ ၂၃ ရက်နေ့ဈေးနှုန်းအရ  ဖျာပုံပေါ်ဆန်း  လတ်စတစ်အိတ်ကို ၃၆၅၀ဝ ကျပ်၊ ထိပ်စ ၃၈၅၀ဝ ကျပ်၊ မြောင်းမြ/ပုသိမ် ပေါ် ဆန်းလတ်စ ၃၉၅၀ဝ ကျပ်၊ထိပ်စ ၄၁၀ဝ၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စတစ်အိမ် ၃၅၅၀ဝ ကျပ်၊ ထိပ်စ ၃၆၅၀ဝ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၈၀ဝ၀ ကျပ်မှ  ၅၀ဝဝဝ ကျပ်တို့ဖြင့် ဈေးဆက်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန်သို့ ဆန်ေ ချာ ပုံမှန်ဝင်နေသော်လည်း အဝယ်အေးနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်မပြတ်တာတွေ ရှိနေကြောင်း၊ ဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ် ၂၃၀ဝ၀ ကျပ်၊ ထိပ်စ ၂၅၀ဝ၀ ကျပ်၊ မိုးသုခ ၂၅၀ဝ၀ ကျပ်မှ ၂၆၀ဝ၀ ကျပ်၊ ရက် ၉၀ မီးကောက် ၂၇၀ဝ၀ ကျပ်မှ ၂၉၀ဝဝ၊ ဆင်းသွယ်လတ် ၂၇၀ဝ၀ ကျပ်မှ ၂၈၀ဝ၀ ကျပ်၊  နွေဆန်ရှယ် ၂၃၅၀ဝ ကျပ်မှ ၂၅၀ဝ၀ ကျပ်၊ ဆန်သစ်ဈေးနှုန်း ၂၀၇၀ဝ ကျပ်မှ ၂၁၀ဝ၀ ကျပ်ဖြစ်ခဲ့ကြလို့ ဆန်ကြမ်းတစ်အိတ်လျှ င် ၂၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်အတွင်း ဆန်ကြမ်းအမျိုးအစားပေါ်မူ တည်၍ ဈေးတက်ခဲ့တာ တွေ့ရှိရပါတယ်။ ဆန်ကြမ်းအဝင် ပုံမှန်ထက်ပါးနေခြင်း၊ ဆန်သစ်အဖြစ် ဝင်ရောက်မှုမှာလည်း နည်းပါးနေပြီး   စပါးဟောင်းနှင့် ရောကြိတ် ကာ ဈေးကွက်သို့ ဆန်ဟောင်းအဖြစ် ဝင်ရောက်နေခြင်းကြောင့် ဆန်ကြမ်းဈေး မာနေရခြင်းဖြစ်ကြောင်း၊ ဝါးတန်းကုန်စည်ဒိုင်သို့ ဆန်ကြမ်း အဝင်နည်းပါးနေပြီး၊ ဆန်ချော ပုံမှန်ဝင်နေကာ အရောင်းအဝယ်လည်း ပုံမှန်ခန့်သာရှိေ နကြောင်း ကုန်စည်ဒိုင်ဆန်ဈေး ကွက်မှ သိရှိရပါတယ်။
          ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် ဆန်တစ် အိတ် (၁၀၈ ပေါင်)ကို ၂၀၅၀ဝ ကျပ်မှ ၂၁၀ဝ၀ ကျပ် ခန့် ဈေး နှုန်းဖြစ်ပေါ်ပြီး WFP အဝယ်သမား အနည်းငယ်ရှိသော်လည်း ဆန်ကြမ်းအဝင်မှာ နည်းနေသဖြင့် ဈေး မာနေကြောင်း၊ EMATA MYANMAR 25 % FOB (YANGON) ဈေး ၃၁၀-၃၁၅ နှင့် ၃၃၀-၃၄၀ USD/MT ဈေးရှိသော်လည်း ပြည်တွင်းဆန်ပေါက်ဈေးဖြင့် ဈေးမကိုက်၍ မပို့နိုင်ကြဘဲ တန်းမြင့်ဆန် အချို့သာတင်ပို့မှုရှိကြောင်း၊ တ ရုတ်-မူဆယ်လိုင်းသို့ ရန်ကုန်မှဈေးမကိုက်၍ မသွားနိုင်ကြကြောင်း ဆန်ဈေးကွက်မှ သိရှိပါတယ်။ တရုတ်လိုင်းဖြစ်တဲ့ မူဆယ်ဆန် ဈေးကွက်မှာ အောက်တိုဘာ ၂၃ ရက် ဈေးနှုန်းများအရ ဧည့်မထ ၅မှတ်ကို မှော်ဘီ တစ်အိတ်လျှ  င် ၁၄၁-၁၄၄ ယွမ်၊ မနောသုခ ၅မှတ်၁၄၁-၁၄၅ ယွမ်၊  ဧည့်မထ ၁၀ မှတ် မှော်ဘီနှင့် မနော်သုခ တစ်အိတ်လျှင် ၁၃၇-၁၄၀ ယွမ်၊ ဧည့်မထ ၁၅ မှတ် ရတနာတိုး ၁၃၂-၁၃၅ ယွမ်၊ ဧည့်မထ ၂၅ မှတ် ရတနာတိုး ၁၂၉-၁၃၁ ယွမ်၊ ဧည့် မထ ၃၅ မှတ် ရတနာတိုး ၁၂၅ -၁၂၇ ယွမ်၊ ငစိန် ၅ မှတ် ၁၃၉-၁၄၅ ယွမ်၊ ငစိန် ၁၅ မှတ် ၁၃၃-၁၃၅ယွမ်၊ ငစိန် ၂၅ မှတ် ၁၂၉-၁၃၂ ယွမ် အသီးသီးဖြစ်ခဲ့ကြပြီး ယခင်တစ်ပတ်ထက် ဈေး အနည်းငယ် မြင့်လာတာတွေ့ရှိ ရကြောင်း၊ မူဆယ်ရှိ ယနေ့ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၂၀ဝ ခန့်ရှိပြီး မူဆယ်သို့ ပြည်တွင်း နယ်စုံမှ တစ်ရက်လျှင် ဆန်တန် ၁၀ဝ၀ ကျော်မှ ၁၆၀ဝ ကျော် ခန့်သာဝင်နေပြီး ယခင်ထက် လျော့နည်းလာတာ တွေ့ရ ကြောင်း၊ ပြည် တွင်းဆန်လက်ကျန် နည်းလာခြင်းကြောင့် မူဆယ်သို့  ဆန်ဝင်ရောက်မှု လျော့နည်းလာခြင်း၊ တရုတ်ဘက်မှ ဆန်၊ သကြား၊ ပြောင်း အဖမ်းအဆီးတချို့ ရှိနေသော်လည်း တရုတ်ဆန်ကုန်သည်များက ယခုတစ်ပတ် အတွင်း ဈေး အနည်းငယ်တိုးပေးကာ ပြန်ဆွဲနေလို့ ဆန်အရောင်း အဝယ်ဖြစ်နေကြောင်း မူဆယ်ဆန်ဈေးကွက်မှ သိရှိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာလ ၁၆ ရက်နေ့အထိ တန် ချိန် ၇၇၄၇၂၈ ကျော်၊ အမေရိကန် ဒေါ်လာ ၂၆၉ သန်းကျော်ဖိုး ရှိနေပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန် ချိန် ၃၁၁၆၇ ကျော်၊ အမေရိကန်ဒေါ်လာ  ၂၆ သန်းကျော်ဖိုး လျော့နည်း လျက်ရှိကြောင်း သိရှိရပါတယ်။

 

 

MIRT (YGN)