Main menu

Background

ကြက်သွန်နီဈေး ဆက်လက်မြင့်တက်ဖွယ်ရှိ

Fri, 10/30/2015 - 16:44 -- journal_editor

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၇၆၀၇၉ တန်ဖိုးရှိ ကြက် သွန်နီ ၃၃၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ ၁၄၁ တန်သာ တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ ယခင် သီတင်းပတ်က  သုံးတန်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ ကြက်သွန်နီ နှစ်တန်ကို ကန် ဒေါ်လာ ၆၁၀ ဖိုးသာ တင်ပို့မှုရှိခဲ့ပါ တယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းကတော့ ကန်ဒေါ်လာ ၇၀၅၆၇ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၅၀ တင်ပို့ခဲ့ပါတယ်။
            ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းရှိ စားဖိုဆောင်သီးနှံများထဲတွင် ကြက်သွန်နီ တစ်မျိုးသာ ဈေးနှုန်းသိသိသာသာ မြင့်တက်နေပြီး ကျန်ပစ္စည်းများ ပုံမှန်ဈေးအတိုင်းသာရှိနေကြောင်း၊ လယ်ယာထွက်ကုန် ကြက်သွန်နီ လ က်ကျန်နည်းနေလို့ ယခုလိုဈေးမြင့်တက်နေတာဖြစ်ပြီး ကြက်သွန်အသစ်  ဝင်ရောက်ချိန် နောက်ကျပါက ယခုဈေးထက် ပိုမိုဈေးမြင့်တက်လာနိုင်ကြောင်း ကြက်သွန်ကုန်သည်များထံမှ သတင်းရရှိပါတယ်။

 

မော်မော်အောင်