Main menu

Background

မြန်မာ့ရွှေဈေး အနည်းငယ်ကျဆင်း

Fri, 10/30/2015 - 16:56 -- journal_editor

              ကျပ်ရှစ်သိန်းကျော်အထိမြင့်တက် ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်တွင်အနည်းငယ်ပြန်လည်ကျဆင်း လာခဲ့ကြောင်းသိရသည်။ ရွှေဈေးများပြန်လည်ကျဆင်းလာ မှုကြောင့် ပြန်လည်ရောင်းချသူများ ပိုမိုများ လာခဲ့ကြောင်း သိရသည်။ ထို့ ပြင် ဈေးဆက်လက်ကျဆင်းနိုင်သည်ဟု ယူဆသူများ များပြားလာသဖြင့်လည်း ပြန်လည်ရောင်းချသူ များလာခဲ့ခြင်းဖြစ် သည်ဟု ရွှေကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။ ထို့ပြင် ကမ္ဘာ့ရွှေဈေးကျဆ င်း လာ သဖြင့်လည်း မြန်မာ့ရွှေဈေးကျဆင်းလာ ခြင်းဖြစ်သကဲ့သို့ ဈေးကွက်အတွင်း ရောင်းချမှုများ   ပိုမိုများပြားလာသဖြင့် လည်း ပြန်လည်ဈေးကျဆင်းလာရခြင်း ဖြစ်ကြောင်းသိရသည်။
      "ဈေးကွက်ထဲမှာတော့ ပြန်ရောင်းတာတွေက တစ်နေ့ထက်တစ်နေ့ပိုများ လာတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကထက် ပိုများလာတယ်။  အရောင်းများလာတော့ ဈေးပြန်ကျလာတာသဘာဝပါပဲ။ အောက်တိုဘာလ ၁၉ ရက်နေ့ကဆို ေ ဈးစအဖွင့်မှာပဲ ရွှေဈေးက ကျပ် ၇၈၉၀ဝ၀ လောက်အထိ ကျသွားတာဆိုတော့ ရွှေဝယ်ရောင်းလုပ်တဲ့သူတွေ ပိုပြီးအလန့်တကြားဖြစ်ကုန်တာ။ အဲဒါ ကြောင့် ပြန်ရောင်းတဲ့သူတွေ ပိုများလာတာ"ဟု ရွှေကုန်သည်တစ်ဦး က ပြောြ ကားခဲ့သည်။ မြန်မာ့ရွှေဈေးသည် အောက်တိုဘာ ၁၉ ရက်က ကျပ် ၇၈၉၅၀ဝ သို့ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၇၉၆၀ဝဝသို့ ပြန်လည်မြင့်တက်ခဲ့သည်။ အောက်တိုဘာ  ၂၂ ရက်တွင် ကျပ် ၇၉၅၅၀ဝ သို့ ဆက်လက်ကျဆင်းခဲ့သည်။ အောက်တိုဘာ၂၃ ရက်တွင် ကျပ် ၇၉၄၀ဝဝသို့ ဆက်လက်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၉ ရက်တွင် ၁၁၇၃ ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၁၁၆၉ ေ ဒါ်လာသို့ ကျဆင်းခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် ၁၁၆၇ဒေါ်လာသို့ ဆက်လက်ကျဆင်းခဲ့သည်။

 

မယ်သီတာ