Main menu

Background

ဗီယက်နမ်ကုန်စည်ပြပွဲ ကျင်းပမည်

Fri, 11/13/2015 - 16:45 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ  တပ်မတော်ခန်းမမှာကျင်းပပြုလုပ်မယ့် ဗီယက်နမ်ကုန်စည် ပြပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။
ကုန်စည်ပြပွဲကို ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ဗီယက် နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ  (VIETRADE) တို့ ပူး ပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှ အကြီး ဆုံးကုမ္ပဏီများ  အပါအဝင် လုပ်ငန်းရှင် ၆၀ ကျော် ပါဝင် ပြသမှာဖြစ်ပါတယ်။ အဓိက စီးပွားရေးမိတ်ဖက်များနဲ့ တွေ့ဆုံ ခွင့်၊ မဟာဗျူဟာကျ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ဆိုင် ရာပူးပေါင်းဆောင်ရွက်ခွင့်များကို ရရှိနိုင်မယ့် ပြပွဲတစ်ပွဲဖြစ် တယ်လို့ သိရပါတယ်။အဲဒီပြပွဲမှာ  ပြခန်းပေါင်း ၁၂၀ ခန့်ပါဝင်ပြသမှာဖြစ်ပြီး ဗီယက်နမ်လုပ်ငန်းရှင်များက အရည်အသွေးမြင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများကို ပြသသွားမှာဖြစ်ပါတယ်။ ပြသမယ့်ကုန် ပစ္စည်းတွေကတော့ အစားအစာနဲ့ အဖျော်ယမကာ၊ လူသုံး ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး  ပစ္စည်းများ၊ စက်ပစ္စည်းများနဲ့ စက်ယန္တရားများ၊ ဆေးဝါးနဲ့ အလှကုန် များ ကိုပြသသွားမှာဖြစ်ပြီး    ကုန်စည်ပြပွဲနဲ့အတူ    Business Matching  ကိုလည်း တစ်ပါတည်း  လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံ   ကုန်သည်များနှင့်   စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်က ယခင်က ပြည်ပထုတ်ကုန်ပစ္စည်း များ၊ စက်ပစ္စည်းများလိုအပ်ပါက ပြည်ပသို့ ကိုယ်တိုင်သွားရ ကြောင်း၊ ယခုလို ကုန်စည်ပြပွဲများကို လက်ခံကျင်းပပေးခြင်း အားဖြင့် လိုအပ်တာကိုကြည့်ပြီး ဝယ်ယူနိုင်ရေးအတွက် မိမိ ပြည်တွင်းမှာပဲ ကုန်ရောင်းသူနဲ့ တွေ့ဆုံဆွေးနွေးဝယ်ယူမှုတွေ လုပ်လို့ရနေပြီလို့ ပြောကြားခဲ့ပါတယ်။                   
MIRT