Main menu

Background

အောက်တိုဘာလအတွင်း သစ်နှင့်သစ်တောထွက်ပစ္စည်း(အခြား)၊ ဆင်သားရေခြောက်များ ကျပ်သန်း ၂၀၀ ဖိုး မိုဘိုင်းအဖွဲ့များက သိမ်းဆည်းရမိ

Fri, 11/13/2015 - 16:50 -- journal_editor

၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းမှာ သစ်နဲ့ သစ်တောထွက်ပစ္စည်း(အခြား)အမှုတွဲ ၁၇ မှု၊ ဆင်သားရေခြောက် အမှုတွဲ တစ်မှု အကောက်ခွန်အမှုတွဲဖွင့်တားဆီးခဲ့ရပါတယ်။သစ်နဲ့သစ်တောထွက်ပစ္စည်း (အခြား)ခန့်မှန်းတန်ဖိုး ကျပ် ၁၉၉ သန်း၊ တန်ချိန် ၅ တန်ကိုလည်းကောင်း၊ ဆင်သားရေခြောက် ၁ ပိဿာ ၊ ခန့်မှန်းတန်ဖိုး ကျပ် ၁ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်အောက်တိုဘာလအထိ သစ်နဲ့သစ်တောထွက်ပစ္စည်း (အခြား) ၄၉၄ တန်၊ တမလန်းသစ် ၄၇၆ တန်၊ ပိတောက်သစ် ၉၉ တန်ကျော်၊သစ်ခွ ၁၁ တန်နီးပါး၊ ဆင်သားရေခြောက် ၁၂ ပိဿာ၊ မြွေ ၄၆၅ ကီလိုနဲ့ ၈၃၄ ကောင်၊လိပ် ၆၉ ကောင်၊ သင်းခွေချပ်အခွံ ၂၅ ပိဿာခွဲ၊ ခန့်မှန်းတန်ဖိုးစုစုပေါင်း ကျပ် ၃၁၈၅ သန်းဖိုးကို သိမ်းဆည်းရမိခဲ့ပြီး ဖြစ်တယ်လို့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
                                 

   MIRT