Main menu

Background

ဆန်သစ်ကို စားသုံးသူလက်ခံလာလို့ အရောင်းအဝယ်သွက်ပြီး ဆန်ဟောင်းဈေးအေးလာ

Thu, 12/03/2015 - 17:15 -- journal_editor

              နိုဝင်ဘာ ၂၇ ရက် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်း ဈေးထိပ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တ စ်အိတ်ကို ကျပ် ၁၅၀ဝ ခန့်ဈေးကျလာပြီး မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်းဆန် ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၁၀ဝ၀ ကျပ်၊ လတ်စ တစ် အိတ် ၃၉၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀ဝ၀ ခန့် ဈေးကျလာပြီး နယ် စုံပေါ်ဆန်း ဆန်ဟောင်း ဈေးကတော့ ထိပ်စတစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လတ်စ  တစ် အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခင်ပတ်ထက် တစ်အိတ်ကို ၅၀ဝ ကျပ်ခန့်ဈေးကျလာတာ တွေ့ရပါတယ်။ မြောင်းမြ/ပုသိမ်ပေါ်ဆန်း ဆန်အသစ်ေ ဈးက ထိပ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၇၀ဝ၀ ကျပ်၊ နယ်စုံပေါ်ဆန်းဆန် အသစ်ဈေး ထိပ်စ တစ်အိတ် ၂၆၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၅၅၀ဝ ကျပ်ဖြစ်ပါတယ်။ ဆန်သစ် များပေါ်ချိန် စားသုံးသူများလက်ခံ သုံးစွဲမှု အားကောင်းပြီး၊ အဟောင်းစားသူ လျော့နည်းလာခြင်း၊ အချို့မြို့နယ်များတွင် ဆန်ဟောင်းလက်ကျန်များနေခြင်းတို့ကြောင့် ဆန်ဟောင်း ဈေးကျဆင်းရခြင်းဖြစ်ကြောင်း ကုန်စည်ဒိုင် ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ ဆန်သစ်ဈေး တစ်အိတ် ၂၀၅၀ဝ ကျပ်မှ ၂၁၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ၅၀ဝ ကျပ်ခန့် အနည်းငယ်ဈေးတက်လာကာ ကုန် စည်ဒိုင်သို့ အဝင်နည်းပါးကြောင်း၊ ဝယ်လိုအားနည်းပြီး အရောင်းအဝယ်လည်း အနည်းငယ်အေးကြောင်း ကုန်စည် ဒိုင်ဈေးကွက်မှ သိရပါတယ်။
             ဒီတစ်ပတ် မူဆယ်ဆန်ဈေးကွက်ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ် ၁၃၈-၁၃၉ ယွမ်နဲ့ ၅ မှတ် မနောသုခတစ်အိတ် ၁၃၁-၁၃၂ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၃၅-၁၃၇ ယွမ်နဲ့ ၁၀ မှတ် မနောသုခ တစ်အိတ် ၁၂၉-၁၃၀ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီတစ်အိတ် ၁၃၂-၁၃၄ ယွမ်နဲ့ ၁၅ မှတ် မနောသုခ တစ်အိတ် ၁၂၇-၁၂၈ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၂၄-၁၂၆ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၃၃-၁၃၆ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၃၁-၁၃၂ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၂၇-၁၃၀ ယွမ်   အသီးသီးဖြစ်ခဲ့ကြပြီး ယခင်တစ်ပတ်ထက်   ဧည့်မထဆန်မှာ ၁ ယွမ်မှ ၃ ယွမ်ခန့် ဈေးကျဆ င်းနေပြီး၊ ငစိန်ဆန်မှာတော့ ၁ ယွမ်မှ ၃ ယွမ်ခန့်ထိ ဈေးတက်လာတာ တွေ့ရပါတယ်။ နိုဝင်ဘာလ ၂၇ ရက် ငွေလဲနှုန်းမှာ  တစ်ယွမ်ကို ၂၀၂ ဒသမ ၄၃ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၁ ဒသမ ၂၂ ကျပ် ခန့် ဈေးတက်လာခဲ့ေြ ကာင်း၊ တရုတ်ယွမ်ငွေတန်ဖိုးမြင့်တက် နေခြင်းကြောင့် မိမိတို့ကုန်သည်များ ဆန်ဈေးအချို့ ကျဆင်း နေပေမယ့်   အခက်အခဲများစွာမရှိဘဲ    အဆင်ပြေစွာနဲ့ အရောင်းအဝယ်ကောင်းလျက် ရှိတယ်လို့ မူဆယ်ဆန်ဈေးကွက်မှ စုံ စမ်းသိရှိရပါတယ်။
           ဈေးကွက်သို့ ဝင်နေတဲ့အထဲမှ သုံးပုံ နှစ်ပုံကျော်လောက်က ဆန်သစ်များဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ်ဆန်တန်ချိန် ၃၀ဝ၀ ကျော်၊ ၄၀ဝ၀ ကျော်ခန့် ဝင်ရောက်နေပြီး ယခုတစ်ပတ်အတွင်း မူဆယ်သို့ စုစုပေါင်း တန်ချိန် ၂၀ဝ၃၃ ခန့် ဝင်ရောက်ခဲ့လို့ ယခင်တစ်ပတ်ထက် ဆန်တန်ချိန် ၇၀၇ တန်ခန့် လျော့နည်းပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ နိုဝင် ဘာလ ၂၀ ရက်ထိ တန်ချိန်  ၆၁၉၁၁၂ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၇  သန်းကျော်ဖိုးရှိ နေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၄၄၄၁၄ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀ သန်းကျော် ဖိုး လျော့နည်းလျက်ရှိပြီး၊ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၅၃၃၁၈ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူ ထက် တန် ချိန် ၉၀၃၃၈ ကျော်၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၂၇ သန်းကျော်ဖိုး တင်ပို့နိုင်မှုပမာဏနှင့် တန်ဖိုးလျော့နည်းလျက် ရှိကြောင်း သိရပါတယ်။

 

 MIRT-YGN