Main menu

Background

နယ်စပ် ကြက်သွန်နီတင်ပို့မှု ပိုမိုမြင့်တက်

Thu, 12/03/2015 - 18:25 -- journal_editor

                နိုဝင်ဘာလ တတိယပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၆၄၈၀ တန်ဖိုးရှိ ကြက်သွန်နီ ၇၆ တန် တင်ပို့ခဲ့ပါတယ်။  ယခင် သီတင်းပတ်က မြဝတီမှ ကြက်သွန်နီ ၃၂ တန်သာတင် ပို့ခဲ့လို့ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှု ၄၄ တန်ပိုမိုလာပါတယ်။ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ ကန်ဒေါ်လာ ၇၀၄၉၆ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၅၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ တစ် ရှိန်ထိုးမြင့်တက်နေတဲ့ ကြက် သွန်နီဈေးများ နိုဝင်ဘာလအတွင်း တစ်ပိဿာကို ၃၅၀ဝ ကျပ်ထိ ထပ်မံမြင့်တက်လာခဲ့ရာ သုံးစွဲသူတွေကလည်း ချင့်ချိန်သုံးစွဲကြတာမို့ ကြက်သွန်နီဝယ်ယူမှုနှုန်းလည်းကျဆင်းလာခဲ့တယ် လို့ ပွဲရုံတွေကတစ်ဆင့်သိရပါ တယ်။
                 ကြက်သွန်ပွဲရုံအများစုမှာလည်း လတ်တလောတွင်  ပစ္စည်းပြတ်လပ်နေကြောင်း၊ မိုးတွင်းက ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့ပြီး ယခုနှစ်ကြက်သွန်နီ အထွက် နောက်ကျကာ ပုံမှန်ကြက်သွန်နီ အသစ် ထွက်ရှိမယ့်  ဒီဇင်ဘာလမှာလည်း ကြက်သွန်နီရှားပါးပြီး  ဈေးတွေဆက်လက်မြင့်တက်နေမှာကို စားသုံးသူရော ရောင်းချသူများကပါ စိုးရိမ်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။

 

မော်မော်အောင်