Main menu

Background

ကိုးလလွယ်-ဆယ်လဖွားတော့မယ့် ကျေးလက်ရဲ့ ရတနာငုံနီ

Thu, 12/03/2015 - 18:31 -- journal_editor

          မုံရွာခရိုင်တစ်ဝိုက် ပြီးခဲ့တဲ့မိုးဦးကျကစိုက်ခဲ့ကြတဲ့ ပဲစင်းငုံပင်တွေ အခုချိန်မှာ အားလုံးနီးပါး အပွင့်စုံနေပြီး၊ တချို့အပင်တွေ အသီးဝင်နေတာတွေ့ရပါတယ်။ ပဲစင်းငုံက တခြားပဲတွေလို ၃၊ ၄ လနဲ့ မခူးဆွတ်နိုင်ဘဲ  လူသား အမျိုးသမီးမိခင်တွေလို ကိုးလလွယ် ဆယ်လမှဖွားရတဲ့အလား အခုလိုသက်တမ်း  ခုနစ်လ၊ ရှစ်လမှာ အပွင့်စုံအသီးဝင်ပြီး  စိုက်ပြီး ၁၀ လနီးပါးကြာမှ ခူးဆွတ်ကာ ဈေးကွက်ဝင်နိုင်မှာဖြစ်ပါတယ်။ ဘိုးဘွားတောင်သူတွေ လက်ထ က်ကတော့ ဈေးကွက်အမြင်ထက် ငုံနီကို ရင်းနှီးစိုက်ပျိုးစရိတ်သက်သာခြင်း၊ သွင်းအားစု ဖိုးမကုန်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ကျေးလက်သုံးလောင်စာထင်းရရှိခြင်းဆိုတဲ့ အားသာချက်တွေနဲ့  စိုက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးန ည်းပညာတွေ ကျေးလက်အရောက် ဖွံ့ဖြိုးလာတဲ့ ဒီနေ့အချိန်အခါမှာတော့ မူလအားသာချက်တွေအပြင် ပြည်ပဈေးကွက်အလားအလာကြောင့် မြင့်မားလာမယ့် ငုံနီဈေးကို ကြိုတင်မှန်းဆပြီး စိုက်ဧကတွေ တိုးချဲ့လာခဲ့ကြတာ  မြင်ေ တွ့ရပါတယ်။ ငုံနီဟာ စိုက်ပျိုးချိန်ကာလရှည်ကြာတာနဲ့အမျှ နွေ၊ မိုး၊ ဆောင်းဥတုသုံးမျိုးနဲ့ထိတွေ့ရတဲ့ သီးနှံဖြစ်ပါတယ်။ ဒီနှစ်မှာ မုံရွာနယ်တစ်ဝိုက် နှစ်တိုင်းထက် မိုးရွာသွန်းမှုပိုခဲ့ပေမယ့် သဘာဝနေအပူကလည်း နှစ်တိုင်းထက် လွန်ကဲလာတဲ့အတွက် ယာမြေအများစုက အခုချိန်မှာ အစို ဓာတ်ခန်းနေကြပြီလို့ ဒေသခံတောင်သူတွေကဆိုပါတယ်။
            မုံရွာမြို့နယ်ထဲမှာတင် မြေအမျိုးအစားနဲ့ မိုးရရှိမှုဟာ ဒေသတစ်ခုနဲ့တစ်ခု မတူ ကြသလို အခုလိုပွင့်ချိန်၊ သီးကင်းဝင် ချိန်မှာ ရေလိုအပ်ခြင်းဟာလည်း တောင်သူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပေမယ့် စိုက်သမျှသီးပြီး အထွ က် စိတ်ချရအောင် နောက်မိုးသိမ်းဖို့ လိုသေးတယ်လို့ဆိုပါတယ် တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ သန္ဓေတည်ချိန်ကနေ မွေးဖွားချိန်အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုယုယခဲ့ရသလို ပဲစင်းငုံတောင်သူတွေ အနေ နဲ့လည်း  တန်ဖိုးဖြတ်လို့ရတဲ့ သီးနှံရတနာရဖို့ စိုက်ပျိုး စကနေ ခုလိုအချိန်အထိ မိမိစိုက်ခင်းကို အရိပ် တကြည့်ကြည့်ပြုစု ယုယနေကြရပါတယ်။ ငုံနီဈေးကွက်ရာဇဝင်မှာ ဘယ်နှစ်ကမှ မှတ်တမ်းမတင်နိုင်တဲ့ပေါက်ဈေးဟာ အခု တစ်တင်းနှစ်တင်းပေါ်စ အချိန်မှာ တောင် တစ်တင်း ၄၅၀ဝ၀ ကျပ်ဆိုတော့ တစ်ဧကစိုက်တဲ့ တောင်သူတစ်ဦးရဲ့ဝင်ငွေဟာ တစ်ဧကပျမ်းမျှ ရှစ်တင်းနှုန်းနဲ့တွက်ရင် ၃ ဒသမ ၆ သိန်းရနိုင်တဲ့အတွက် ငုံနီတောင်သူတွေ ရင်ခုန်သံမြန်နေကြတာ မျှဝေခံစားချင်စရာ ကောင်းပါဘိ။
             တောင်သူတစ်ဦးချင်းရဲ့ ငုံနီစိုက်ပျိုးခြင်းကြောင့်ရရှိမယ့် အကျိုးခံစားခွင့်ကို ပီတိဖြစ်ရသလို မုံရွာတစ်မြို့နယ် လုံးမှာစိုက်ခဲ့ ကြတဲ့ ငုံနီစိုက်ဧက ၁၇၀ဝ၀ နီးပါးအတွက် ပျမ်းမျှ ရှစ်တင်းနှုန်းနဲ့တွက်ရင် ငုံနီတင်း ၁ ဒသမ ၃၆ သိန်း ထွက်ပြီး၊ တစ်မြို့နယ်လုံးရဲ့ငုံနီအပေါ်ကရမယ့်ဝင်ငွေဟာ ကျပ်ဘီလီယံ ၆၂၀ဝ နီးပါးရရှိမှာဖြစ်လို့  ကျေးလက်ဒေသရဲ့လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုး တိုးတက်လာစေမှာဖြစ်ပါတယ်။ ထိုနည်းတူ မုံရွာကုန်စည်ဒိုင်ရဲ့ ပွဲစားကုန်သ ည်တွေကတစ်ဆင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ Exporter တွေကနေ မြန်မာ့သီးနှံပြည်ပပို့ကုန်အဖြစ် စီးဆင်းသွားပြီး၊ နိုင်ငံရဲ့အကျိုးစီးပွားကိုပါ ဖြည့်ဆည်းပေးရာရောက်စေလို့ ပဲစင်းငုံစိုက်ပျိုးထုတ် လုပ်တဲ့တောင်သူတွေရဲ့ အနာဂတ်တွေ ရေရာလှပနိုင်ရန်  ဝိုင်းဝန်းချိတ်ဆက်ပံ့ပိုးဖို့ အချိန်အခါ ကောင်း ရောက်ရှိနေပြီဖြစ်ပါ ကြောင်း ....။                                                                                                                                        

 

ထွန်းလှိုင်-မုံရွာ