Main menu

Background

ပြည်ပသို့ ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့

Wed, 12/09/2015 - 16:32 -- journal_editor

              မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၂၂၁ သန်းဖိုးရှိ ဆန် ၃၃၀၆၀ တန်ကျော်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများကတော့ မူဆယ် (၁၀၅) မိုင် မှ ငစိန်ဆန် ၁၉၃၂၄ တန်၊ ဧည့်မထ ၉၃၁၈ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၇၈ တန်နဲ့ လွယ်ဂျယ်မှ ငစိန်ဆန် ၄၂၄၀ တန်ဖြစ်ပါတယ်။  ယခင်တစ်ပတ်တင်ပို့မှု ထက် ၅၄၁၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၂၇၆ သန်းဖိုးရှိ ဆန်ကွဲ ၃၉၁၇ တန်ကို မူဆယ်မှ ၃၅၁၇ တန်ကျော်နဲ့  လွယ်ဂျယ်မှ တန် ၄၀ဝ တင်ပို့ ခဲ့ပါတယ်။ ဆန်ကွဲကိုလည်း ယခင်တစ်ပတ်ထက် တန် ၃၀ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
             ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ဝ၅၇ သန်းဖိုးရှိ ပေါင်းဆန်နဲ့ ဆန်ဖြူ ၂၉၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ အီးယူနိုင် ငံများကို ပေါင်းဆန် ၁၄၂၅ တန်တင်ပို့ပြီး တရုတ်နိုင်ငံကို ငစိန်ဆန် တန် ၅၀ နဲ့ အီးယူနိုင်ငံကို ငစိန်ဆန် တန် ၅၀ဝ ၊ စင်ကာပူနိုင်ငံကို ဧည့်မထဆန် တန် ၁၀ဝ၀ တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်တင်ပို့မှုထက်တန် ၄၅၀ ပိုမို တင် ပို့နိုင်ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်းဖိုးရှိ ဆန်ကွဲ ၃၇၅ တန်ကိုဟန်ဂေရီနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် တန် ၃၀ဝ ကျော်ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုတစ်ပတ်မှာ ဆန်ရော ဆန်ကွဲပါ ပိုမိုတ င်ပို့နိုင်ခဲ့ပါတယ်။

 

ယဉ်ယဉ်အေး