ပြည်ပဲဈေးကွက်သို့ ဆောင်းဦးပဲသစ်များ ဝင် ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံဟာလည်း နိုဝင်ဘာလ မှစ၍ အဝင်ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းမှာ ပန်းတောင်း၊ ကံမနဲ့ ပြည်၊ အောင်လံကြားဒေသတစ်ဝိုက်မှ ဝင်ရော က်ခဲ့လို့ တစ်ရက်အိတ် ၄၀ ကျော် ၅၀ အထိ အဝင်ရှိခဲ့ပါတယ်။
ပဲသစ်များအား ရန်ကုန်-ပြည် ရထားလမ်းတစ် လျှောက် မြို့နယ်များမှ အဝယ်ရှိလို့ ဝင်ရောက်လာသမျှ ပဲများ ရောင်းချခဲ့ကြပြီး ပဲဈေးမှာလည်း ပဲသစ်ပေါ်စအချိန် ထက် ဈေးမြင့်လာခဲ့ကာ တစ်တင်း ၃၀ဝဝဝ ကျပ်ထိ ရရှိ လာခဲ့ပါတယ်။ ဘိုကိတ်ပဲဈေးမှာ ယခုနှစ်မှာ ပဲသစ်ပေါ်ချိန်မှစ၍ ဈေးကောင်းရလာတဲ့အတွက် ပဲစိုက်တောင်သူများ အကျိုး အမြတ်ပိုမယ်လို့လည်း သိရှိရပါတယ်။
ခင်ဆွေဝင်း-ပြည်