Main menu

Background

အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ကြက်သွန်နီများတင်သွင်းခွင့်ပြု

Wed, 12/09/2015 - 17:57 -- journal_editor

             ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနဲ့  တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန် လိုင်စင်အား မြန်မာနို င်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ထောက်ခံချက်ဖြင့် ကုမ္ပဏီ ခြောက်ခုအား တင်သွင်းခွင့်ပြုခဲ့ရာ  နိုဝင်ဘာလ ၂၇ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ်နိုင်ငံ မူဆယ်န ယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် နှစ်စောင်၊ တန်ချိန် ၂၅၀၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းရန် သွင်းကုန် လိုင်စင် သုံးစောင်၊ တန်ချိန် ၃၈၀ တန်၊ စုစုပေါင်း ကြက်သွန်နီ တန်ချိန် ၆၃၀ တန် ခွင့်ပြုပေးပြီးဖြစ်ပါတယ်။
              ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် မည်သူမဆို ကြက်သွန်နီ ပြည်ပမှ တင်သွင်းခွင့် လျှောက်ထားလာပါ ကလည်း ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ကြက်သွန်နီများ တင်သွင်းခွင့်ပြု လိုက်သ ည့်အတွက် မကြာမီ ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လာမည်ဟု မျှော်မှန်းရပါကြောင်း တင်ပြလိုက်ရပါတယ်။

 

သွင်းကုန်