Main menu

Background

ပြည်တွင်းပေါ်ဆန်းဆန်သစ် အဝယ်သွက်ပေမယ့်ဈေးအေး

Tue, 12/29/2015 - 10:34 -- journal_editor

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၃၆၅၀ဝ ကျပ်၊ လတ်စ တစ်အိ တ် ၃၅၀ဝ၀ ကျပ်၊ မြော င်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၄၀ဝဝဝ ကျပ်၊ လတ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန် ဟောင်းဈေးကတော့ ထိပ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လ တ်စ တစ်အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခ င်တစ်ပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေတယ်လို့ ဆန်စပါးကုန်စည်ဒိုင်ဝါးတန်းရဲ့ ဈေးနှုန်းစာရင်းအရ သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စ တစ် အိတ် ၂၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် ထက် ၅၀ဝ ကျပ်ခန့် ဈေးကျလာပြီး၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်အသစ်ဈေးက ထိပ်စတစ်အိတ် ၃၀ဝဝဝ ကျပ်၊ လတ်စ တစ်အိ တ် ၂၇၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကာ၊ နယ်စုံပေါ်ဆန်း ဆန်အသစ်ဈေးကတော့ ထိပ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၆၅၀ဝ ကျပ် ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅၀ဝ ကျ ပ်ခန့် ဈေးကျလာကြောင်း ကုန်စည်ဒိုင်ဈေးနှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ ကုန်စည်ဒိုင်တွင် ပေါ် ဆန်းဆန်ဟောင်းများ အဝင်ပါးနေပြီး ဝယ်ယူမှု လည်းမရှိသလောက် ဖြစ်နေကြောင်း ပေါ်ဆန်းဆန်သစ်ကို သာ ဦးစားပေးဝယ်ယူနေတယ်လို့ ကုန်စည်ဒိုင်ဈေးကွက်မှ သိရပါတယ်။
              ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ဟောင်းများကတော့ ပြတ်သလောက်ဖြစ်နေပြီး အဝင်လည်း မရှိတော့ကြောင်း သိရပါတယ်။ ဧည့်မထ ဆန်သစ်ဈေးတစ်အိတ် ၂၁၀ဝ၀ ကျပ် မှ ၂၁၅၀ဝ ကျပ်ထိရှိနေပြီး အဝယ်လိုက်ပေ မယ့် ပစ္စည်းအဝင် မှာနည်းကြောင်း၊ စပါးဈေးမြင့်ပြီး ဆန်ဈေးကွက်အေးနေလို့ ကုန်သည်များ ဈေးမကိုက်တာကြောင့် ဒေသများမှ အဝင်နည်းနေရခြင်းဖြစ်တယ်လို့ ဈေးကွက်မှသိရပါတယ်။ ဒီတစ်ပတ် မူဆယ်ဆန်ဈေးကွက်ရဲ့ ဒီဇင်ဘာ ၂၄ ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ် ၁၃၉-၁၄၂ ယွမ်နဲ့ ၅ မှတ် မနောသုခတစ်အိတ် ၁၃၄-၁၃၆ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ် အိ တ် ၁၃၇-၁၃၈ ယွမ်နဲ့ ၁၀ မှတ် မနောသုခ တစ်အိတ် ၁၃၂-၁၃၃ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီတစ်အိတ် ၁၃၄-၁၃၆ ယွမ်နဲ့ ၁၅ မှတ် မနောသုခ တစ်အိတ် ၁၃၀-၁၃၁ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၂၇-၁၂၉ ယွမ်၊ ၂၅ မှတ် ရတနာတိုး ၁၂၇-၁၃၁ ယွမ်၊ ဧည့်မ ထ ၃၅ မှတ် မနောသုခတစ်အိတ် ၁၂၃-၁၂၆ ယွမ်၊ ၃၅ မှတ် ရတနာတိုး ၁၂၃-၁၂၆ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၃၅-၁၃၇ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၃၂-၁၃၄ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၂၇-၁၃၁ ယွမ် အသီး သီးဖြစ်ခဲ့ကြပြီး ယခင်တစ်ပတ်ထက်  ဧည့်မထဆန်မှာ ၁ ယွမ်မှ ၃ ယွမ်ခန့် ဈေးတက်လာပြီး၊ ငစိန်ဆန်မှာတော့ ၁ ယွမ်မှ ၂ ယွမ်ခန့် ဈေး တက်လာတာ တွေ့ရပါတယ်။
                တရုတ်ဝယ်လိုအားကောင်းပြီး  အဆွဲများလို့ ဈေးအနည်း ငယ်မြင့်လာရခြင်းဖြစ်ကြောင်း၊ ဆန်ကွဲကိုတော့ တရုတ်မှ ပုံမှန်ဝယ်လိုအားရှိပြီး တစ်အိတ်ကို  အနိမ့်ဆုံး ၁၀၇ ယွမ်မှ အမြင့်ဆုံး ၁၂၂ ယွမ် ထိ ဈေးရကာ အရောင်းအဝယ်ကောင်းတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၂၀ဝ ဒသမ ၂၀ ကျပ်ဖြစ်တယ်လို့  မူဆယ်ဆန် ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်း နယ်စုံမှ  မူဆယ် သို့ နေ့စဉ် ဆန်တန် ချိန်ပျမ်းမျှ  ၃၀ဝ၀ မှ ၅၀ဝ၀ ကျော်ခန့် ဝင်ရောက်နေပြီး ယခုတစ်ပတ်အတွင်း  မူဆယ်သို့ စုစုပေါင်း တန်ချိန် ၂၂၀၂၃ ခန့် ဝင်ရောက်ခဲ့လို့ ယခင်တစ်ပတ်ထက် ၁၅၇၉ တန် ပို မိုဝင်ရောက်ကြောင်း မူဆယ်ဆန်ဈေးကွက်မှ သိရပါတ ယ်။ မြန်မာ့ဆန်ပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်ထိ တန်ချိန် ၇၅၅၇၈၆ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖိုးရှိနေ ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၅၂၈၂၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂ သန်းကျော်ဖိုး လျော့နည်းလျက်ရှိပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၇၂၂၉၈ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၄ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘ ဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၇၉၀၃၁ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းေ ကျာ်ဖိုးရှိကြောင်း သိရပါတယ်။

 

MIRT-YGN