Main menu

Background

အင်းတော်ဒေသမှာ ပဲစိမ်းစားဥကြောင့် နှစ်စဉ် မိသားစုဝင်ငွေ သိန်းဂဏန်းထိ ဝင်ငွေကောင်းနေ

Tue, 12/29/2015 - 10:40 -- journal_editor

            အင်းတော်မြို့နယ် ရှေးဟောင်းမြို့တော် မန်လည်သို့သွားရာလမ်းဘေး ဆည်ရွာကျေးရွာမှာ ဒေသထွက်ကုန် ပဲစိမ်းစားဥကို မိသားစုတိုင်းစိုက်ပျိုးကြလို့ နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများမှာ ပဲစိမ်းစားဥမှ မိသားစုဝင်ငွေ သိန်းဂဏန်းအထိရှိ ကြောင်း သိရပါတယ်။ပဲစိမ်းစားဥကို ရွှေဘို၊ မန္တလေး အဝယ်ကိုယ်စားလှယ်များက ရွာအရောက် လာဝယ်ကြလို့ မိမိခြံဝင်းအတွင်း အလုပ်မပျက်ဈေးကွက်ဖြစ်နေပါ တယ်။ ဆည်ရွာ ထုတ်ကုန် ပဲစိမ်းစားဥ ကို နွားချေး၊ စပါးခွံမြေပဲခွံများနဲ့ စိုက်ပျိုးပြီး အခြားဓာတု ဗေဒဆေးဝါးများ၊ ပိုးသတ်ဆေးများ လုံးဝမထည့်တဲ့အတွက် စိတ်ချစွာစားသုံးနိုင်တယ်လို့ သိရပါတယ်။
           ပဲစိမ်းစားဥကို တစ်ဧက မျိုးစေ့နှစ်ပြည်စိုက်ပျိုးရပြီး အထွက်ပိဿာချိန် ငါးရာမှ တစ်ထောင်ကြား ထွက်ပါတယ်။ ရွာဈေးက တစ်ပိဿာ ၃၀ဝ ကျပ်ရောင်းရလို့ သိန်းဂဏန်းအထိ မိသားစုဝင်ငွေ ရကြပါတယ်။ ကောလင်း၊ ရွှေဘို၊ မန္တလေးမြို့တွေကို အများဆုံး တင်ပို့တယ်လို့ သိရပါတယ်။ ပဲစိမ်းစားဥကို အင်းတော်၊ ကသာ၊ ဗန်းမော် မြို့နယ်များကလည်း ထွက်ပါတယ်။ ပဲစိမ်းစားဥက တာရှည်အထားခံတယ်၊ ဈေးကွက်ရှိတဲ့အတွက် ယခုထက် ကျယ်ကျယ်ြ ပန့်ပြန့် စိုက်ပျိုးသင့်ပါတယ်။ တစ်နှစ်ကို တစ်ရွာလုံး ပိဿာချိန် သုံးသောင်းကျော် ထွက်မယ်လို့ ခန့်မှန်းပါတယ်။ ဒီဇင်ဘာ လကုန်တဲ့အထိ အရောင်းအဝယ်ဖြစ်နေပါတယ်လို့ ပဲစိမ်းစားဥ စိုက်ပျိုးတဲ့ ဦးလှမြင့် ထံက သိရပါတယ်။

 

ကြည်နိုင်ဦး-အင်းတော်