Main menu

Background

ကြက်သွန်နီဈေးနှုန်း ထက်ဝက်ခန့် ကျဆင်း

Tue, 12/29/2015 - 13:12 -- journal_editor

             ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ နိုဝင်ဘာ တတိယပတ်တွင် လက်ကား ပျမ်းမျှတစ်ပိဿာကို ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်း လက်ကားတစ် ပိဿာကို ၁၅၀ဝ ကျပ်ေ လာက်ထိ ပြန်လည် ကျဆင်းလာပြီလို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။
             ဒီဇင်ဘာ တတိယပတ်မှာတော့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၆၅၂ တန်ဖိုးရှိ ကြက်သွန်နီ ၄ တန်ခွဲ တင်သွင်းလာခဲ့ပြီး ကန်ဒေါ်လာ ၂၀၇၈၅ တန်ဖိုးရှိ ကြက်သွန်ဖြူ ၁၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ကြက်သွန်နီဈေးများ ထက်ဝက်ခန့် ပြန်လည်ကျဆင်းလာရခြင်းမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ပြည်ပ ကြက်သွန်နီများ ဝင်ရောက်မှုများခြင်း၊ မိုးစိုက်ကြက်သွန်နီ အဝင် များခြင်း၊ ဝယ်လိုအား နည်းနေခြင်းေ တွကြောင့် ယခုရက်ပိုင်းအတွင်း ဈေးပြန်လည်ကျ ဆင်းလာရတာလို့ ကြက်သွန်နီ လက်ကားအရောင်းဒိုင်များမှ သိရပါတယ်။

 

မော်မော်အောင်