Main menu

Background

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာစတုတ္ထပတ် ပဲဈေးကွက် ငုံနီအသစ် အဝင်အနည်းငယ်သွက်လာ

Tue, 12/29/2015 - 13:35 -- journal_editor

               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလစတုတ္ထပတ် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငုံနီအသစ် ပိုမိုဝင်ရောက်ခဲ့ကာ ပေါက်ဈေးလည်း တစ်တင်း ၂၃၀ဝ ကျပ်အထိကျသွားပြီး ၄၇၂၀ဝ ကျပ်နဲ့ တစ်ရက်အိတ် ၂၀ဝ ခန့်အေ ရာင်းအဝယ်သွက်လာကြောင်း ပွဲရုံရပ်ကွက်က သိရပါတယ်။ ဈေးကွက်တည်ငြိမ်မှုမရှိသေးပေမယ့် ဒီနေ့ ပေါက်ဈေးဟာ တစ်တင်း ၅၀ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် လုပ်ထားသူတွေအတွက် အချက်ပေး  ခေါင်းလောင်းသံ တ စ်ခုလိုဖြစ်နေလို့ ကြိုပွိုင့်သမားတွေ သတိထားသင့်တယ်လို့  ကုန်သည်ရပ်ကွက်က ဆိုပါတယ်။
           ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်ကပဲတွေ အဝင်သွက်ပေမယ့် ကျဈေးနဲ့သာ အရောင်းအဝယ်သွက်ခဲ့ရာ စိမ်းကြီး တစ်တင်း ၃၆၀ဝ၀ ကျပ်နဲ့ တစ်ရက် အိတ် ၃၀ဝ ခန့် ဖြစ်ခဲ့သလို၊ စိမ်းသေး တစ်တင်း ၃၆၅ ဝဝ ကျပ်နဲ့ တစ် ရက်အိတ် ၅၀ဝ ခန့်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ဒီရက်သတ္တပတ်မှာ မတ်ပဲအသစ်တွေ ဒိုင်ကိုဝင်ရောက်မှုများလာစပြုပေမယ့် တစ်တင်း ၅၅၃၀ဝ ကျပ်ထိ  ဈေးသိသိသာသာကျဆင်းခဲ့ကာ အရောင်းအ ဝယ်အားဖြင့် တစ်ရက် အိတ် ၅၀ဝ ခန့်အထိ ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ပဲလွန်းအုပ်စုဈေးကွက်မှာတော့ လွန်းဖြူဟာ တစ်တင်း ၂၉၀ဝ၀ ကျပ်ဈေးနဲ့ တစ်ရက်အိတ် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သ လို လွန်းပြာအနေနဲ့ တစ်တင်း ၂၉၀ဝ၀ ကျပ်အထိ ပြီး ခဲ့တဲ့ တစ်ပတ်ကထက် တစ်တင်း ၄၀ဝ၀ ကျပ်ပိုကာ ပေါက်ဈေးမြင့်လာခဲ့ပြီး တစ်ရက်အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
            ယခုတစ်ပတ် ဒေသသုံးပဲဈေးကွက်မှာတော့ ပဲကြီးမှာ အသစ်မပေါ်သေးဘဲ အဟောင်းဈေး တစ်တင်း ၂၇၀ဝ၀ ကျပ်-၂၉၀ဝ၀ ကျပ်တွေမှာ ငြိမ်နေသလို စွန်တာနီအဟောင်း တစ်တင်း ၁၅၀ဝ၀ ကျပ်နဲ့ ပဲနီလုံးကြား  အေ ဟာင်း တစ်တင်း ၁၅၅၀ဝ ကျပ်ဈေးတွေမှာ ငြိမ်နေပြီး ကြာဆံစက်သမားနဲ့ ပဲလက်လီအဝယ်ပုံမှန်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ကုလားပဲဈေးကွက်အနေနဲ့လည်း ကုန်သည်လက်ဝယ် ပဲဟောင်းမကျန် သလောက်ဖြစ်နေ ကာ လုပ်ငန်းသုံးအတွက် လိုဝယ်သမား ပုံမှန်ရှိနေလို့ ဈေးဆက်မာနေရာ ထိုင်ဝမ် တစ်တင်း ၃၆၅၀ဝ ကျပ်၊ V2 တစ်တင်း ၃၈၅၀ဝ ကျပ်နဲ့ 929 တစ်တင်း ၃၈၀ဝ၀ ကျပ်အသီးသီး ပေါက်ဈေးဖြစ်နေပြီး တစ်ရက် အိတ်၁၀ဝ မှ၂၀ဝ ကြားသာ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ