Main menu

Background

မြန်မာ့ရွှေဈေး အကျဈေးဖြင့် ဈေးငြိမ်နေမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လာ

Wed, 12/30/2015 - 12:55 -- journal_editor

             ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း ဈေးအတက် အကျနည်းပါးခဲ့ပြီး ဈေးအနည်းငယ် တန့်နေမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ်နေခဲ့ကြော င်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည်လည်း မြင့်တက်လာခဲ့သဖြင့် မြန်မာ့ရွှေဈေး မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း တစ်ထောင်ခန့်သာ ဈေးမြင့်တက်ခဲ့သဖြင့် အရောင်းအ ဝယ်ဖြစ်နေခြင်းပင်ဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
             "ရွှေဈေးကွက်ထဲမှာ ရွှေအရောင်းအဝယ် ပြန်လိုက်လာတယ်။ ဈေးကတက်မယ်လို့မှန်းထားပြီးမှ သိပ်တက်မသွားတော့ အရောင်းအဝယ်ဖြစ်လာတယ်လို့ထင်ပါတယ်။ ဒီရက်ထဲမှာဆို  ဈေးကတစ်ပတ်လုံးမှာမှ တစ်ထော င်ကျော်လောက်ပဲတက်သွားတာဆိုတော့ ဒါကို ဈေးတက်တယ်လို့ ပြောလို့မရပါဘူး။ ဈေးတန့်သွားတယ်လို့ပြောရမယ်။ ဒီရက်ထဲမှာ ပိတ်ရက်တွေကလည်းများသလို အလည်အပတ်သွားမယ့် သူတွေကလည်းများတဲ့ အတွက် ဈေး ကွက်ထဲမှာ အရောင်းအဝယ်ပြန်ကောင်းလာသလို ဈေးငြိမ်နေတဲ့အတွက်လည်း ပုံမှန်ထက် ဈေးကွက်သွက်လာတယ်လို့လည်း ဆိုရမှာပဲ"ဟု ရွှေကုန်သည် ဦးစံမြင့်ကပြောကြားခဲ့သည်။ မြန်မာ့ရွှေဈေးသည် ဒီဇင်ဘာလ ၂၁ ရက်ေ န့က ကျပ် ၇၄၆၀ဝ၀ ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၄ရက်တွင် ကျပ် ၇၄၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ ၂၁ ရက်က ၁၀၆၇ ဒေါ်လာရှိခဲ့ပြီး ဒီဇင်ဘာ ၂၃ရက်တွင် ၁၀၇၄ ဒေါ်လာ ရှိခဲ့ကာ ဒီဇင်ဘာလ ၂၄ ရက်တွင် ၁၀၇၃ ဒေါ်လာသို့မြင့်တက်ခဲ့သည်။

 

မယ်သီတာ