Main menu

Background

ရန်ကုန်ကားဈေးကွက်ဈေးတန်းများ သိန်း၂၀ မှ သိန်း ၃၀ ထိမြင့်တက်

Thu, 01/07/2016 - 12:59 -- journal_editor

ရန်ကုန်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းကာလ တွင်ကားဈေးများယခင်ဈေးတန်းထက် ၁၅ သိန်း၊ သိန်း၂၀ မှ  သိန်း ၃၀ ခန့်အထိ  မြင့်တက်သွားကြောင်း သိရသည်။ သက်ဆိုင်ရာဌာနမှ ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင်သတင်း စာများ၌ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးချိန်မှ စတင်၍ ကားဈေးများ  သိသိသာသာ  မြင့်တက်သွားခဲ့ကြောင်း သိရ သည်။
၂၀၁၆ ခုနှစ်အတွင်း ကားတင်သွင်းမှု   မူဝါဒများ ပြောင်းလဲမှုအရ ယခုကဲ့သို့ ကားဈေးနှုန်းများမြင့်တက်လာစေ ရန်အကြောင်း  ဖြစ်ပေါ်လာကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း များမှ ပြောသည်။ ယခုပြောင်းလဲလိုက်သော ၂၀၁၆ ခုနှစ်မှ စတင်၍ ကျင့်သုံးမည့် မူဝါဒသည်ကားလေးများတင်သွင်းခွင့် ရရှိထားသည့် ဖရီးပါမစ်ဈေးကွက်ကိုစည်းကမ်းများစွာ တင်း ကြပ်လိုက်သည့် သဘောဖြစ်သွားပြီး ဤထုတ်ပြန်ချက်မတိုင်မီ က သိန်း ၁၀၀ ဝန်းကျင် သိန်း ၁၁၀ ဝန်းကျင်သာရှိသော ကား များမှာ တရားဝင်ထုတ်ပြန်ပြီးချိန်မှစတင်၍ သိန်း ၁၃၀ သိန်း ၁၄၀ သို့ဖြစ်သွားကြောင်း၊ ယင်းသို့ဝယ်ရောင်းများနှင့် ကား အရောင်းစင်တာများမှ ကားဈေးတိုးမြှင့်သတ်မှတ်ရခြင်း မှာ ရှေ့နှစ်ဖြစ်ပေါ်မည့်ဈေးကွက်အခြေအနေအရ ဖရီးပါမစ်ကား ဈေးများ ယာဉ်ဟောင်းအပ်နှံစလစ်ဖြင့်သာ တင်သွင်းခွင့်ပြု လျှင် စလစ်ဈေးနှုန်းထပ်မံဖြည့်စွက်ရမည့် အခြေအနေကို ကြို ကာကြခြင်းဖြစ်ကြောင်း၊ ဈေးတန်းမှာ ယခုအတိုင်း မရပ်တန့် နိုင်သေးဘဲ ပို၍ပင်မြင့်တက်လာနိုင်ကြောင်း ၎င်းင်းတို့မှပြော သည်။
ကားဈေးတန်းမြင့်တက်လာခြင်းနှင့် အတွဲအဖက်အနေ  ဖြင့် ကားစလစ်ဈေးတန်းများနှင့် ကားပါကင်နေရာအတွက် ပါမစ်ဈေးတန်း မြင့်တက်လာပြီးနှစ် ၂၀ အပ်ကားစလစ်မှာ  ၈၂ သိန်း ၈၃ သိန်း  ရန်ကုန်ကားပါကင် ၁၃ သိန်းမှ ၁၅ သိန်း အထိမြင့်တက်လာကြောင်း၊ ဖရီးပါမစ်ကားလေးများအား ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်နောက်ဆုံးထား၍ ကားပါကင်နေရာ ပြသပြီး ရန်ကုန်လိုင်စင်လျှောက်ရမည်ဖြစ်၍ ဈေးများလိုအပ် ချက်အရ  မြင့်တက်သွားခြင်းဖြစ်ပြီး လိုအပ်ချက်ကုန်သွားမှ သာဈေးပြန်အေးသွားနိုင်ကြောင်း၊ ယာဉ်ဟောင်း အပ်နှံစလစ် မှာမူ ''၂၀၁၆'' မူဝါဒအရတစ်ပတ်ရစ် ကားများဆိုလျှင် စလစ် ကပ်တင်သွင်းရမည်ဖြစ်ပြီး မိုဒယ်(လ်)မြင့် Brand New  ကား များမှာလည်း ဘယ်မောင်းသာ တင်သွင်းရမည်ဖြစ်သဖြင့် စလစ်လိုအပ်ချက်မှာ  ဆက်လက်များပြားမည်ဖြစ်ရာ အပ် ကား ရှားပါးသည်ထက် ရှားပါးလာပြီး စလစ်ဈေးနှုန်းမြင့်တက် ဖို့သာရှိကြောင်း၊ ''၂၀၁၆'' ကားဈေးကွက် အလားအလာမှာ လက်ထဲကားကိုင်ထားသူက   ဈေးမြင့်ခေါ်ဝယ်မည့်သူက လည်း ကြိုက်ဈေး၊ စစ်ဈေးတန်း မရသဖြင့် မဝယ်နိုင်ဖြစ်သော ကြောင့်   အခြေအနေစောင့်ကြည့်ပြီး   ဈေးကွက်အေးမည့် သဘောဖြစ်နေကြောင်း ဝါရင့်ဝယ်ရောင်းအကျိုးဆောင်များ မှပြောသည်။                                                          
  SN