Main menu

Background

ဗီယက်နမ်နှစ်သစ်ကူးပွဲတော်တွင် မြန်မာနိုင်ငံမှ ခရီးသွားများ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် Vietjet မှ လေယာဉ်အသစ်များဖြင့် တိုးချဲ့ပျံသန်းမည်

Thu, 02/04/2016 - 10:01 -- journal_editor

            ကုန်ကျစရိတ်သက်သာပြီး အကောင်းဆုံး ဝန်ဆောင်မှုများပေးနေသည့် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော Vietjetသည် ဗီယက်နမ်နိုင်ငံ၏ တက်နှစ်သစ်ကူးပွဲတော်(Tet) အားလပ်ရက်များတွင် မြန်မာနိုင်ငံမှ ခရီးသွားများ ပျော်ရွှင်စွာ တွေ့ကြုံပါဝင်ဆင်နွှဲနိုင်ရန်အတွက် ဖေဖော်ဝါရီ ၂၀ ရက်အထိ ရန်ကုန်-ဟိုချီမင်း ခရီးစဉ်အပါအဝင် ခရီးစဉ်အကြိမ်ရေပေါင်း ၈၀၀ ကျော်ကို တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း Vietjet ၏ သတင်းထုတ်ပြန်ချ က်များအရ သိရသည်။
             မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် ဖြစ်စေ၊ လည်ပတ်ရန်အတွက်ဖြစ်စေ ဈေးနှုန်းချိုသာစွာဖြင့် သွားရောက်နိုင်အောင် အဆိုပါကာလအတွင်း လက်မှတ်ပေါင်း တစ်သိန်းခွဲကို Viet jet  မှ စီစဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ် များအတွက် ခေတ်မီလေ ယာဉ်အမျိုးအစားသစ် နှစ်စင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။ ပထမလေယာဉ် Airbus A321  (ကုတ်ဒ်နံပါတ် VN-A667) သ ည်  Vietjet နှင့် Airbus တို့အကြား လေယာဉ်အစင်း ၁၀၀ လွှဲပြောင်းရယူခြင်း သဘောတူညီချက်မှ ၁၂ စင်းမြောက်ဝယ်ယူသည့်လေယာဉ်ဖြစ်သည်။ အဆိုပါလေယာဉ်ကို ဆီစားသက်သာကာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှ တ်မှုနည်းပါးပြီး ပိုမိုသက် သောင့်သက်သာရှိသော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်သည့် ဒီဇိုင်းပုံစံထုတ် လုပ်ထားကြောင်း သိရသည်။ ဒုတိယမြောက် လေယာဉ်ဖြစ်သညA321(ကုတ်ဒ် နံပါတ်LZ-PMZ) မှာလည်း Airbus မှ Viet jet သို့ ငှားရမ်းထားသည့် လေယာဉ်ဖြစ်သည်။ ''အခုအသစ်ရောက်လာတဲ့ ၃၂ အမျိုးအစား A320s နဲ့ A321 လေယာဉ်သစ် တွေနဲ့ ဗီယက်နမ်နှင့် အာရှ-ပစိဖိတ်ဒေသတွေကို ပိုမိုတိုးချဲ့ပျံသန်းသွားမှာပါ''ဟု Vietjet ၏ မန်ေ နဂျင်း ဒါရိုက်တာ မစ္စတာLuu Duc Khanh က ပြောသည်။
            ''Vietjet နဲ့ ခရီးသွားတဲ့ ခရီးသွားတွေအနေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှု ပေးနေတဲ့ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံတွေ၊ သန့်ရှင်းလတ်ဆတ်ပြီး အရသာ ရှိလှတဲ့ အစားအသောက်တွေကို သုံးဆောင်ရင်း အံ့အား သင့်စရာ အထူးအစီအစဉ် တွေကိုလည်း တွေ့ကြုံခံစားနိုင်မှာပါ"ဟု ၎င်းက ဆက်လက်ပြောသည်။ တက်(Tet) အားလပ်ရက် အချိန်အခါ သို့မဟုတ် ဗီယက်နမ်နှစ်သစ်ကူး ပွဲတော်သည် ဗီယက်နမ်နိုင်ငံ၏ ပွဲတော်အခါသမယများ အနက် အထူးခြားဆုံးနှင့် အရေးပါဆုံးပွဲတော်တစ်ခုဖြစ်သည့်အတွက် မြန်မာခရီးသွားများအတွက် ဗီယက်နမ်နိုင်ငံနှင့် ဗီယက်နမ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် အခမ်းအနားများကို ဟိုချီမင်းမြို့တော်အပါအဝင် အခြားဒေသများ တွင်ပါ ပျော်ရွှင်စွာလည်ပတ်လေ့လာနိုင်မည်ဖြစ်သည်။ အဆိုပါပွဲတော်ကာလအတွင်း နှစ်သစ်ကို ကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲများနှင့် လှုပ်ရှားမှုများကို ဗီယက်နမ်တစ်နိုင်ငံလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာခရီးသွားများသည် တက်(Tet) ပွဲတော်တွင် ပါဝင်ဆင်နွဲရန်Vietjet  ၏ ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကို စီးနင်းပြီး ထိုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံရှိ နေရာပေါင်း ၃၀ကျော်သို့ အလွယ်တကူ ဆက်လက်သွားရောက် နိုင် မည်ဖြစ်ကြောင်း သိရသည်။ Vietjet သည် ရန်ကုန်-ဟိုချီမင်း  ခရီးစဉ်ကို တစ် ပတ်လျှင် ငါးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

မယ်သီတာ