Main menu

Background

အမျိုးသားပို့ကုန်မဟာဗျူဟာ လုပ်ငန်းအဖွဲ့များအလိုက် ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပ

Wed, 02/10/2016 - 12:13 -- journal_editor

               မြန်မာနိုင်ငံရဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ NES  အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့များနဲ့ နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ရှိသူများ ဒုတိ ယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၄ရက်နံနက် ၉း၃၀ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းရုံး ဒုတိယထပ်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ ဆွေးနွေး ပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးအောင်စိုးနဲ့ တာဝန်ရှိသူများ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်း ကျင်သူများနဲ့ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ တွေ့ဆုံဆွေးနွေးကြပါတယ်။
            ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များဖြစ်တဲ့ ကုန်သွယ်မှုသတင်းအချက်အလက်နဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍ၊ ရော်ဘာကဏ္ဍနဲ့ သစ်နဲ့သစ်တော ထွက်ပစ္စည်းကဏ္ဍကို ဖေဖော်ဝါရီ ၄ ရက်မှာလည်းကောင်း၊ အထည်အလိ ပ်နဲ့ အဝတ်အထည်ကဏ္ဍကို ဖေဖော်ဝါရီ ၅ ရက်မှာလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက်ကပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ ကဏ္ဍအလိုက် အကောင်အထည်ဖော်လု ပ်ဆောင်မယ့် စီမံကိန်းများရေးဆွဲရန်နဲ့ စီမံကိန်းအကောင်အထည်ဖော်ရာမှာ ကြုံတွေ့ရမယ့် အခက်အခဲများ လိုအပ်ချက်များကို  အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်ရန် မိတ်ဖက်အဖွဲ့အစ ည်းများထံမှ အကူအညီများ ရယူရန်ဖြစ်ပါတယ်။
         ယခုဆွေးနွေးပွဲမှာ ပထမအကြိမ်က ရေးဆွဲခဲ့တဲ့ စီမံကိန်းနဲ့ လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးပြီး ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်များကို ညှိနှိုင်းခြင်းဖြစ်ပါတယ်။ ယခုလို တွေ့ဆုံညှိနှိုင်းရာမှာ စီးပွားရေးနှင့်ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနမှ ကဏ္ဍအလိုက်တာဝန်ရှိသူများ၊ ကဏ္ဍအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန် ရှိသူများနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ယဉ်ယဉ်အေး