Main menu

Background

ဖေဖော်ဝါရီ ပထမပတ်တွင် ကုန်သွယ်ရေးစခန်းများမှ ဆန်ပိုမိုတင်ပို့

Thu, 02/18/2016 - 09:36 -- journal_editor

            ဖေဖော်ဝါရီ ပထမပတ်အတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၇၀၁ သန်းဖိုးရှိ ငစိန်ဆန်နဲ့ ဧည့်မထ ဆန် ၁၈၂၇၁ တန်ကျော်ကို မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၀၄၈၈ တန်ကျော်နဲ့ ဧည့်မဆန် တန် ၁၅၀၀၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၂၈၂ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်တန် ၆၀၀၀ တင် ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာ မူဆယ် (၁၀၅) မိုင်မှ ကျပ် သုည ဒသမ ၈၉၄ သန်းဖိုး တန်ဖိုးရှိ ဆန်ကွဲ ၂၇၅၀ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၁၅၈၀ ကျော်ပိုမိုခဲ့ပါတယ်။
           ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီလ ပထမပတ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂၂၅ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၃၃၇၅ တန်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ငစိန်ဆန် ၂၉၆ တန်နဲ့ ဧည့်မထဆန်တန် ၂၀၀၀၊ အီး ယူနိုင်ငံများသို့ ငစိန်ဆန် ၅၂၅ တန်၊ ဧည့်မထဆန် ၂၇၅ တန်နဲ့ ပေါင်းဆန် ၂၇၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၁၄၀၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ဆန်အပြင် ကန်ဒေါ်လာ သုည ဒသမ ၆၂၅ သန်းဖိုးရှိ ဆန်ကွဲ ၂၃၂၅ တန် တင်ပို့ခဲ့ပြီး စင်ကာပူ နိုင်ငံသို့ တန် ၅၀၀ ၊ ဂျပန်နိုင်ငံသို့ တန် ၁၅၀ နဲ့ အီးယူနိုင်ငံများသို့ ၁၆၇၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ၇၇ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။           

 

ယဉ်ယဉ်အေး