Main menu

Background

မုံရွာမြို့နယ်က ဆောင်းကြက်သွန်နီ မတ်လဆန်းမှာ ဈေးကွက်ဝင်တော့မယ်

Thu, 02/18/2016 - 09:41 -- journal_editor

           မုံရွာမြို့နယ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းကြက်သွန်နီစိုက်ပျိုး မှုအများဆုံးဒေသတစ်ခုဖြစ်သလို ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီဈေးစံချိန်တင်မြင့်မားခဲ့ရာ တောင်သူတွေအတွက် မက်လုံးတစ်ခုလိုဖြစ်ခဲ့လို့ ဒီနှစ်ေ ဆာင်းကြက်သွန်နီ စိုက်ဧကတွေတိုးလာတာဖြစ်တယ်လို့ ကြက်သွန်တောင်သူတွေကဆိုပါတယ်။ ဈေးကွက်မျှော်လင့်ချက်အရ ပြီးခဲ့တဲ့မိုးစိုက်ကြက်သွန်နီအနေနဲ့ မုံရွာမြို့နယ်အတွင်း စိုက်ပျိုးမှု အားနည်းခဲ့ပြီး၊ ရာသီဥတုအခြေအေ နနဲ့  ပိုးကျမှုရှိခဲ့လို့ ပျမ်းမျှ တစ်ဧက ၂၀၀၀ မှ ၃၀၀၀ ပိဿာအတွင်းသာ  ထွက်ခဲ့ကာ ဈေးအားဖြင့် တစ်ပိဿာ ၇၀၀ ကျပ်မှ ၄၀၀ ကျပ်ကြားကျဆင်းခဲ့တဲ့အတွက် တောင်သူအများစု အရှုံးပေါ်ခဲ့ကြ တယ်လို့သိရပါတယ်။
           ဒါကြောင့် ကြက်သွန်နီကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးခဲ့ကြတဲ့ မုံရွာ မြို့နယ်က မြေနဲ၊ အောင်သာ၊ ကျွဲရဲ၊ ကော်လပြ၊ တောင်ပုလု၊ ယင်းပန်း၊ ခိုးသန်း၊ အက်တော စတဲ့ကျေးရွာအုပ်စုရှိ ကြက်သွန်တောင်သူကြီးတွေ က ဒီနှစ်ဆောင်း ကြက်သွန်နီကို များစွာတိုးချဲ့စိုက်ပျိုးခဲ့ကြလို့ မြို့နယ်လျာထားချက်ထက်ကျော်ကာ ဧကခုနစ်ထောင်ခန့်ရှိနိုင်တယ်လို့ တောင်သူတွေကဆိုပါတယ်။ ပြီးခဲ့တဲ့မိုးစိုက်ကြက်သွန်နီအနေနဲ့ စိုက်သူအတွက် အမြတ်မကျန်၊ အရင်းရှုံးခဲ့ပြီး စားသုံးသူတွေအတွက် အဆင်ပြေရုံခဲ့တာကြောင့် ဈေးကွက်မျှော်လင့်ချက်နဲ့ ဆောင်းကြက်သွန်နီကို တိုးချဲ့စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကာ လာမယ့် ဖေဖော်ဝါရီလ ကုန်ပိုင်းနဲ့ မတ်လဆန်းမှာ ကျွဲရဲဘက်က ကြက်သွန်နီေ တွ ဈေးကွက်ထဲ စတင်ဝင်လာနိုင်တော့မယ်လို့ တောင်သူနဲ့ပွဲရုံရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ