Main menu

Background

သြစတြေးလျနိုင်ငံအနောက်ပိုင်းမှ ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေး နည်းလမ်းများအား အလေးမထားကြဟုဆို

Thu, 02/18/2016 - 10:13 -- journal_editor

        ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးမှုများများပြားနေချိန်တွင် သြစတြေးလျနိုင်ငံအနောက်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများအား အလေးမထားကြကြောင်း မဲလ်ဘုန်းမြို့အခြေစိုက် ကင်ဆာရောဂါကာကွယ်ရေးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ သြစတြေးလျအနောက်ပိုင်းရှိ ကျန်းမာရေးဌာနကလည်း အဆိုပါဒေသတွင် နေ ထိုင်ကြသည့် ပြည်သူသုံးဦးနက် တစ်ဦးသာလျှင် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများကိုလိုက်နာလျက်ရှိပြီး အဆိုပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။
         သြစတြေးလျအနောက်ပိုင်း ကျန်းမာရေးအရာရှိ ဒေါက်တာတာရန်က ''ပြည်သူလူထုအတွင်း ကင်ဆာရောဂါရဲ့ကြောက်မက်ဖွယ်ရာအကြောင်းတွေ၊ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေ၊ ရှောင်ကြဉ် ရမယ့် နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ ကျွန်မတို့ရဲ့လေ့လာချက်အရ ဒီဒေသမှာရှိတဲ့ပြည်သူသုံးယောက်မှာ တစ်ယောက်လောက်ပဲ ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ပတ်သက် ပြီး ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာကို သိကြတယ်။ ဒါဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ အချက်ပါ။ ကင်ဆာရောဂါဆိုတာ လူတို့ရဲ့နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်နွယ်နေတယ်ဆိုတာကို မသိကြတဲ့အတွ က် ပြည်သူတွေကြားမှာ  ကျန်းမာရေးအသိပညာပေးတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ကြဖို့လိုနေပါပြီ''ဟု ပြောကြားခဲ့သည်။
          အရက်အလွန်အကျွံသောက်သုံးခြင်းအား လျှော့ချရန်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ အရေပြားကင်ဆာကို ဖြစ်ပေါ်စေနိုင်သည့် နေပူစာလှုံခြင်းအား ရှောင်ကြဉ်ရန်၊ နေပူထဲသို့ထွက်ပါက အရေပြားအား နေထိြ ခင်းမှ ကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်များ ဆောင်းရန် စသည့် ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့်အလွယ်ကူ ဆုံးသောနည်းလမ်း များကိုပင်လျှင် လိုက်နာမှုအားနည်းနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

မယ်သီတာ