Main menu

Background

အမျိုးသားပို့ကုန် မဟာဗျူဟာဖော်ဆောင်ရန် စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင်အတွင်း မြို့နယ်သီးနှံအသင်းများဖွဲ့စည်း

Thu, 02/18/2016 - 10:19 -- journal_editor

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy) အကောင်အထည်ဖော် ဆောင်ရာတွင် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ရှိ သီးနှံစိုက်ပျိုးတောင် သူများ၊ ကုန်သည် ပွဲစားများ၊ ဆီစက်လုပ်ငန်းရှင်များအား စုစည်းပါဝင်စေကာ မြို့နယ်အသင်းများစုဖွဲ့ထားရန် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ေ မာင်းရဲ့ကြီးကြပ်မှုဖြင့် ယနေ့အထိ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးလက်အောက်ရှိ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင်တို့တွင် မြို့နယ်ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် သူများအသင်း ၅ သင်းဖွဲ့စည်း ပြီးဖြစ်တယ်လို့ သိရပါတယ်။
         ဇန်နဝါရီ ၃ ရက်က စစ်ကိုင်းမြို့နယ်ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအသင်းကို အလုပ်အမှုဆောင် ၁၇ ဦးဖြင့် လည်းကောင်း၊  ဇန်နဝါရီလ ၂၈ ရက်က အရာတော်မြို့နယ် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ စိုက်ပျိုးထု တ်လုပ်သူများ အသင်းကို အမှုဆောင်ခုနစ်ဦးဖြင့် လည်းကောင်း၊ ဘုတလင်မြို့နယ် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်သူအသင်းကို အမှုဆောင် ခုနစ်ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ကြပြီး၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် မုံရွာမြို့နယ် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်သူများအသင်းကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အလုပ်အမှုဆောင် ၂၅ ဦးဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ချောင်းဦးမြို့နယ် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သူ များအသင်းကို ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အမှုဆောင် ၂၅ ဦးဖြင့်လည်းကောင်း ထပ်မံဖွဲ့စည်းခဲ့ရာ သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ေ ဒသအတွင်းရှိ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ပျိုး တောင်သူကိုယ်စားလှယ်များ၊ ကုန်သည်ပွဲစားများနှင့် ဆီစက်လုပ်ငန်းရှင်များ စိတ်ပါဝင်စားစွာ တက်ရောက်ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။

 

ထွန်းလှိုင် - မုံရွာ