Main menu

Background

ယင်းမာပင်ခရိုင်အတွင်း မိုဘိုင်းပျားမွေးမြူသူများအဆင်ပြေ

Thu, 02/18/2016 - 10:21 -- journal_editor

            ယင်းမာပင်ခရိုင်အတွင်းတွင် ဒေသတွင်းပျားမွေးမြူသူနဲ့ ကသာ-အင်းတော်ဒေသမှ ပျားမွေးမြူသူများ၊ ရှမ်း ပြည်နယ်မှ ပျားမွေးမြူသူများဟာ ပျားစားကျက်များကို အလှည့်ကျပြောင်းရွှေ့မွေးမြူကြပါတယ်။ ဆီးပန်းပွင့်ချိန်မှာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ရှိ ဆီးခြံများမှ ဆီးခြံပိုင်ရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ညှိနှိုင်းကာ ပျား သေတ္တာများချပြီး  မွေးမြူလျက်ရှိပါတယ်။
            ယခုနှစ် ဆောင်းသီးနံှရာသီချိန်မှာ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တို့သို့ ပြောင်းရွှေ့မွေးမြူကြပါတယ်။ ပျားသေတ္တာ အလုံး ၂၀၀ ပိုင်ရှင်ဟာ ၁၀ ရက်တစ်ကြိမ် ပျားရည်ထုတ်ယူရကြောင်း၊ တစ်ကြိမ်ထုတ်ရင် ပီပါ ၄ လုံး ရပြီး တစ်ပီပါမှာ ပိဿာချိန် ၁၂၅ ပိဿာပါရှိကြောင်း၊ ပျားရည်တစ်ပိဿာ ၃၅၀၀ ကျပ်၊ ပျားဖယောင်း တစ်ပိဿာ ၈၀၀၀ ကျပ်ရကြောင်း၊ ယခင်နှစ်က ပျားရည်တစ်ပိဿာ ၂၅၀၀ ကျပ်နဲ့ ပျားဖယောင်း ၇၀၀၀ ကျပ်ဈေးသာ ရောင်းချရတာကြောင့် ယ ခုနှစ်မှာတော့ ပျားမွေးမြူသူများအဆင်ပြေလာကြောင်း သိရပါတယ်။

 

သန်းပို-ယင်းမာပင်