Main menu

Background

ကြက်သွန်နီ ပိုမိုတင်ပို့

Thu, 03/31/2016 - 13:39 -- journal_editor

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန် နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင်ဈေးနှုန်းကျ ဆင်းနေသဖြင့်   တောင်သူတွေ အခက် တွေ့နေကြောင်း၊  အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချရာတွင်လည်း ဈေး ကောင်းမရလို့ ၎င်းင်းတို့ရဲ့ စိုက်ပျိုးစရိတ်နဲ့  ကြက်သွန်မျိုး    ကုန်ကျငွေခန့်ကိုသာ    ပြန်လည်ရရှိပြီး   အမြတ်ငွေနည်းပါး တာကြောင့်  အဆင်မပြေကြကြောင်း သိရပါတယ်။

မော်မော်အောင်