Main menu

Background

ဧည့်မထဆန်ကြမ်း ကောက်သစ်အဝင်များပြီး၊ ဈေးကျပေမယ့် သြင်္ကန်အခါနားနီးလို့ လက်လီသမားများအဝယ်လိုက်လာတာကြောင့် ပေါ်ဆန်းဆန်ဈေးဆက်မာ

Fri, 04/01/2016 - 14:48 -- journal_editor

 ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက  ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန်သစ်ဈေးနှုန်းက    တစ်အိတ်ကို ၄၀၀၀၀ ကျပ်မှ ၄၂၅၀၀ ကျပ်ဖြစ်လို့ တစ်အိတ်ကို ၅၀၀ ကျပ် ခန့် ဈေးတက်လာကြောင်း ဝါးတန်းကုန်စည်ဒိုင်ဈေးနှုန်းများ အရ စိစစ်တွေ့ရှိ ရပါတယ်။ ပေါ်ဆန်းစပါးဈေးမြင့်တက်လာမှုကြောင့် ဆန်စက်များတွင်ကြိတ်ခွဲမှုသိပ်မရှိလို့ ဆန်တင်ပို့မှု အားနည်းတဲ့အတွက် ကုန်စည်ဒိုင်သို့ ပေါ်ဆန်းဆန်အဝင်ပါး ကာ ဈေးမြင့်ရခြင်းဖြစ်ကြောင်း၊ သြင်္ကန်အခါနား နီးလာလို့   လက်လီသမားများ အဝယ်လိုက်နေကြောင်း ဝါးတန်း ကုန် စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
ဆန်ကြမ်းဖြစ်တဲ့    ဧည့်မထဆန်  ထိပ်စတစ်အိတ် ၂၃၀၀၀ ကျပ်၊ အလတ်စဆန်တစ်အိတ် ၂၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းမပြောင်းလဲဘဲ  ဈေးငြိမ်နေ ကြောင်း သိရပါတယ်။  မနောသုခသစ် (ရှယ်) ဈေးနှုန်းက တစ်အိတ် ၂၃၅၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ရေကျနောက်စိုက် ဧည့်မထဆန်တစ် အိတ် ၂၁၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါ က  ၅၀၀ ကျပ်ခန့် ဈေးကျလာကြောင်း၊ နွေသီးထပ် (ရှယ်) ဆန်တစ်အိတ် ၂၀၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်ခန့် ဈေးကျလာ တာကို တွေ့ရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်မှာ ဒိုင် သို့အဝင်ပါးပြီး၊  ကောက်သစ်ဖြစ်တဲ့ သီးထပ်ရင်ဆန်များသာ အဝင်များနေပြီး   ဈေးကျနေကြောင်း၊ အရောင်းအဝယ်မှာ ပုံမှန်ရှိကြောင်း  ဝါးတန်းကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရ ပါတယ်။
တရုတ်လိုင်း  မူဆယ်ဆန်ဈေးကွက်ရဲ့ မတ် ၂၅ ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်မှော်ဘီ တစ်အိတ် ၁၄၆-၁၅၀ ယွမ်၊ စူပါတစ်အိတ် ၁၄၆-၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၄၃-၁၄၅ ယွမ်၊ စူပါတစ်အိတ် ၁၄၃-၁၄၄ ယွမ်၊ ဧည့်မထ ၁၅  မှတ် မနောသုခ တစ်အိတ် ၁၄၁-၁၄၃ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၃၈-၁၄၀ ယွမ်၊ ရွှေဝါထွန်း တစ်အိတ် ၁၃၈-၁၄၀ ယွမ်၊ ဧည့်မထ ၃၅ မှတ် ရွှေဝါထွန်း  တစ်အိတ် ၁၃၆-၁၃၇ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၄၁-၁၄၆ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၃၉-၁၄၀ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၃၇-၁၃၈ ယွမ်၊ အသီး သီးဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊  မတ် ၂၅ ရက်ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၈၃ ကျပ်ဖြစ်လို့ ယခင် တစ်ပတ် ငွေလဲနှုန်းထက် တစ်ကျပ်ခန့်ဈေးတက်လာကြောင်း၊ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ် ဆန်တန်ချိန် တစ်ရက် ပျမ်းမျှ ၁၁၅၀ တန်ခန့် ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ် အတွင်း စုစုပေါင်း ဆန်တန်ချိန် ၅၇၄၈ တန်ခန့် ဝင်ရောက်ခဲ့ တယ်လို့ မူဆယ်ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ မူဆယ် ဈေးကွက်သို့   တရုတ်ကုန်သည်   လေး-ငါးဦးခန့်သာ လာ ရောက်ပြီး ရွှေလီနဲ့ ကူမင်းသွားတဲ့  ဟိုင်းဝေးလမ်းမကြီးမှာ အဖမ်းအဆီးများ  ရှိနေခြင်းကြောင့်  တရုတ်ကုန်သည်များ မလာရဲကြဘဲ အရောင်းအဝယ်အခြေအနေမဖြစ်ဘူးလို့ သိရ ပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁၈ ရက်အထိတင်ပို့မှုမှာ တန်ချိန် ၁၄၄၂၁၁၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၇ သန်းကျော် ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၁၀၈၉၃၁၉ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၉၈ သန်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂၄၀၃၈၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်ဖိုး လျော့နည်းတင်ပို့ခဲ့ပါ တယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၃၅၂၇၉၁ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂၅၇၂၄ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ သန်း ကျော်ဖိုး လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

MIRT-YGN