Main menu

Background

မတ်လ စတုတ္ထပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲဈေး အမြင့်ဆုံးရနေသလို ပဲစင်းငုံသီးနှံဈေးကလည်း တရိပ်ရိပ်တက်လျက်ရှိ

Fri, 04/01/2016 - 15:08 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။  ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ တစ်ရက်ကိုအိတ်၁၀၀၀ ကျော်၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ ဝင်aရာက်ပြီး ကံမမြို့နယ်မှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက် တယ်လို့ သိရပါတယ်။ ပဲဈေးနှုန်းမှာ လလယ်ဈေးထ က် ဈေး လျော့ နည်း ခဲ့လို့ တစ်တင်း ၄၇၀၀၀ ကျပ်သာ ရရှိပြီး၊ ရန်ကုန် ဝယ်လက်များမှ ဝယ်ယူသလို လှောင်သမားများလည်း ယခု ဈေးကို ဝယ်ယူသိုလှောင်လျက်ရှိပါတယ်။  ယခင်နှစ်မှစ၍ မတ်ပဲဈေးနှုန်းများ ပြန်လည်ဦးမော့လာလို့ မတ်လမှာ တစ် တင်း  ၃ သောင်းကျော်ဝန်းကျင်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်ပြီးချိန်မှစ၍ ပဲဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာ ခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်တွင်လည်း ပဲဈေးကောင်း ခဲ့တဲ့အတွက် သြင်္ကန်ပြီးချိန်မှာ  ယခင်နှစ် ကလို ဈေးတက်မယ် ဆိုရင်တော့ ပဲလက်ဝယ်ရှိသူ တောင်သူများနှင့် လှောင်သမား များ အကျိုးအမြတ်ပိုရရှိနိုင်မှာဖြစ်ပါတယ်။ ယခုနှစ်က နေရာ ဒေသတော်တော်များများတွင် ပဲစိုက်ပျိုးထွက်ရှိမှု၊ အထွက် နှုန်းများကောင်း ခဲ့ တာကြောင့်   တချို့တောင်သူများကလည်း ထွက်ရှိလာသမျှပဲများကို အသုံးလိုသလောက်သာ ရောင်းချ ကြပြီး ဈေးကောင်းမျှော်ကာ ဆက်လက်သိုလှောင်ထားရှိကြ တာကိုလည်း တွေ့ရှိရပါတယ်။ပဲစင်းငုံသီးနှံမှာ ပန်းတောင်း ၊ ပေါက်ခေါင်းမြို့နယ်များမှ ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်ခဲ့ရာ  တစ်ရက်အိတ် ၃၀၀ ကျော်ခန့်သာ ဝင်ရောက်ပြီး ရန်ကုန်ဝယ်လက်မှ အဝယ်လိုက် နေတာကြောင့် မတ်ပဲဈေး အနည်းငယ်ပြန်လျော့ပေမယ့် ပဲစင်းငုံဈေးမှာ လလယ်မှစ၍ ဈေးပြန်လှုပ်လာကာ တစ်တင်း ၄၄၀၀၀ ကျပ်ဖြင့် လဆန်းရက်က ဈေးထက်လည်း ဈေးပိုလာ ခဲ့ပါတယ်။ ယခင်နှစ်က ပြည်ပဝယ်လက်ပဲထဲမှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးမှာ ယခုချိန်ကာလမှစ၍ ဈေးပြိုင်မြင့်တက်လာ ခဲ့ပြီး သြဂုတ်တွင် ပဲစင်းငုံဈေးက မတ်ပဲဈေးထက်ဈေးပိုရခဲ့ပြီး စက်တင်ဘာမှာတော့ လက်ကျန်ပြတ်သလောက်ဖြစ်ကာ ပြည်ပဲဈေးကွက်မှာ   အရောင်းအဝယ်အေးသွားခဲ့တာကို တွေ့ရပါတယ်။
ကုလားပဲသီးနှံမှာ မင်းတုန်း၊ ကံမ၊ ပန်းတောင်းဖက်မှ အဝင်များလို့ တစ်ရက်အိတ် ၇၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးနှုန်းမှာ ဈေးအတက်အကျသိပ်မဖြစ်ဘဲ ယခင် တစ်ပတ်က ဈေးအတိုင်း တစ်တင်း ၃၁၅၀၀ ကျပ်ဖြင့် ခွဲစက်သမားနှင့် လှောင်သမားလည်း အနည်းငယ်ဝယ်ယူခဲ့ တာကို တွေ့ရပါတယ်။ ယခင်နှစ်က   ပဲအထွက်လှိုင်ချိန် ကုလားပဲဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်သာရရှိပြီး အခြား အဝယ်သွက်တဲ့ပဲထဲမှာလည်း ဈေးအေးခဲ့တဲ့ သီးနှံဖြစ်ခဲ့ပါ တယ်။ ယခုနှစ်ကတော့ မတ်ပဲ၊ ပဲစင်းငုံတို့ ဈေးကို မမီပေမယ့် ဈေးကောင်းနေတဲ့သီးနှံ အမျိုးအစားထဲမှာ ပါဝင်ခဲ့ပါတယ်။ပဲကြီးသီးနှံများမှာ မတ်ပဲကဲ့သို့ ထွက်ရှိမှုများတဲ့ အတွက် ပဲဝင်ရောက်မှုကလည်း အိတ် ၁၀၀၀ ကျော်   ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပြည်-အောင်လံမြို့နယ်တို့မှ ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမား နှင့် လှောင်သမားဝယ်လက်များ ဝယ်ယူခဲ့ကြလို့  ဒီတစ်ပတ် အတွင်း  ပဲဈေး  အနည်းငယ်ပြန်မြင့်လာကာ (ရွှေကျွန်း) တစ်တင်း ၂၅၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၂၃၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အခြား ပဲများကို ယခုနှစ်မှာ ယခင်နှစ်ကာလတူဈေးနဲ့ ယှဉ်ရင် ဈေး ကောင်း ရနေသော်လည်း ပဲကြီးသီးနှံဈေးကတော့ ယခုကာလ မှာ ယခင်နှစ်ဈေးနဲ့ ကွာခြားမှုမရှိခဲ့တာကိုလည်း တွေ့ရပါ တယ်။
ထောပတ်ပဲသီးနှံမှာ ယခုလအတွင်း ပဲအဝင်များလာ သော်လည်း အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါ တယ်။ ပဲဈေးကလည်း တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်   ဈေး ကွက်မှာ ဈေးအနိမ့်ဆုံးရခဲ့သလို အရောင်းအဝယ် လည်း အေးနေခဲ့ပါတယ်။ ပြည်ခရိုင်အတွင်းရှိ ထောပတ်ပဲသီးနှံကို ရွှေတောင်မြို့နယ်တွင်သာ  အများဆုံး စိုက်ပျိုးမှုရှိခဲ့ကြပြီး၊ ပန်းတောင်းမြို့နယ်မှာလည်း ဧကအနည်းငယ်စိုက်ပျိုးကြကာ အခြားမြို့နယ်များမှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများကို အများအပြားစိုက်ပျိုးကြတယ်လို့ သိရပါ တယ်။ပဲပုပ်သီးနှံမှာတော့   ယခုလအတွင်း ပဲအဝင်မရှိသ လောက် ဖြစ်ခဲ့ပေမယ့် လက်ကျန်ပဲများရှိတာကြောင့် လက်လီ ဝယ်ယူသူများဖြင့် အိတ်အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့ ကြသော်လည်း ပဲဈေးမှာ  တစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ခန့်သာ ရရှိခဲ့တဲ့အတွက် ယခင်နှစ်က ဈေးထက် တစ် တင်း ၃ ထောင်ခန့်သာ ပိုရရှိခဲ့ပါတယ်။ ပဲပုပ်သီးနံှဟာ အခြား ပဲများကဲ့သို့ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ တစ်နှစ်တာလုံး ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ယခုမတ်လ စတုတ္ထပတ်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲသီးနှံဈေးအမြင့်ဆုံး ဖြစ်ပေမယ့် ပဲစင်းငုံသီးနှံက တော့ ပြည်ပဝယ်လိုအားအပေါ်  မူတည်၍ အဝယ်လိုက်နေတာ ကြောင့် ဈေးလည်း တရိပ်ရိပ်တက် လာနေကာ ပြည် တွင်း ဝယ် လက်ပဲ ထဲမှာ ပဲကြီးသီးနှံက ဈေးကောင်းရလျက်ရှိသလို မတ်ပဲ နှင့်အပြိုင် အရောင်းအဝယ်  သွက်လျက်ရှိကြောင်း လေ့လာ သိရှိရပါတယ်။                                           
ခင်ဆွေဝင်း-ပြည်