Main menu

Background

ပြည်တွင်းရွှေဈေးများ အနည်းငယ် ကျဆင်းလာ

Mon, 04/04/2016 - 15:53 -- journal_editor

ယခုတစ်ပတ်အတွင်း ပြည်တွင်း ရွှေဈေးများသည် ကျဆင်းလာခဲ့ကြောင်း  သိရသည်။ ပြီးခဲ့သည့်  ရက်သတ္တပတ် အတွင်းက ကျဆင်းခဲ့သည့် မြန်မာ့ရွှေ ဈေးသည်  ယခုတစ်ပတ် တွင်လည်း  ဆက်လက်ကျဆင်းခဲ့ကြောင်း   ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက် လျက်ရှိသော် လည်း ပြည်တွင်းငွေလဲ နှုန်းများကျဆင်း လာမှုကြောင့် ယခု ကဲ့သို့ ရွှေဈေးနှုန်းများ ကျဆင်းသွားရ ခြင်းဖြစ်ကြောင်း  ရွှေကုန်သည်များက သုံးသပ်ခဲ့သည်။''ပြည်တွင်းရွှေဈေးက ဒီတစ်ပတ် ထဲမှာ ကျလာတယ်။ ဒါပေမယ့် အများ ကြီး ကျသွားတာမျိုးတော့ မဟုတ်ပါ ဘူး။ ဒီတစ်ပတ်ထဲမှာ ငါးထောင်နီးပါး လောက်တော့  ကျသွားတယ်။ ငွေလဲ နှုန်းက ကျသွားတော့ ပြည်တွင်းရွှေဈေး တွေလည်း  လိုက်ပြီးကျသွားတာပဲ။ နောက်ပြီး စတော့ဈေးကွက်မှာ အက်ဖ် အမ်အိုင်ရဲ့ ရှယ်ယာဈေးတွေ တက်လာ တော့ ရွှေဝယ်ရောင်းလုပ်နေတဲ့သူတွေ စတော့ဘက်ကို လှည့်သွားတယ်။ ရွှေ ဘက်မှာ အဝယ်ရော  အရောင်းရော အေးသွားတယ်။ ဒီတစ်ပတ်ထဲမှာ ဈေး အတက်အကျကလည်းရှိတယ်။ ဒီတစ် ပတ် ဈေးစဖွင့်စဉ်က ကျဈေးနဲ့ဖွင့်ခဲ့ပေ  မယ့် နောက်ရက်တွေကျတော့ ပြန် တက်လာတယ်။ တချို့ကလည်း ဈေး အတက်မှာ    ရွှေကိုထုတ်ရောင်းပြီး စတော့ဘက်ကို လှည့်သွားကြတော့ ဈေးကျသွားပြီး အရောင်းအဝယ် အေး သွားတဲ့သဘောပါ။ အရောင်းအဝယ် အေးသွားလို့ ဈေးကျလာတာပါ'' ဟု ရွှေကုန်သည်ဦးလှမြင့်က ပြောကြားခဲ့ သည်။ပြည်တွင်းရွှေဈေးသည် မတ် ၂၈ ရက်က ကျပ် ၇၈၅၅၀၀ ရှိပြီး မတ် ၃၀ ရက်တွင် ကျပ် ၇၈၉၀၀၀ သို့ ပြန် လည်မြင့်တက်လာခဲ့ပြီး မတ် ၃၁ ရက် တွင် ကျပ် ၇၈၆၀၀၀ သို့ ကျဆင်းခဲ့ သည်။ ဧပြီ ၁ရက်တွင် ကျပ် ၇၈၄၅၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် မတ် ၂၈ ရက် က ၁၂၁၇ ဒေါ်လာရှိခဲ့ပြီး မတ် ၃၀ ရက်တွင် ၁၂၃၈ ဒေါ်လာသို့မြင့်တက်ခဲ့ သည်။ ဧပြီ ၁ရက်တွင် ၁၂၃၄ ဒေါ်လာ သို့ အနည်းငယ်ကျဆင်းခဲ့သည်။

မယ်သီတာ