Main menu

Background

ကုန်သွယ်ရေးစခန်းများမှ သီတင်းတစ်ပတ်အတွင်း ဆန်တန်ချိန် တစ်သောင်းကျော်တင်ပို့

Tue, 04/05/2016 - 11:24 -- journal_editor

          မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ  ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။
            ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ် ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၀၀၄ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန်တန် ၂၇၂၀ တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ငစိန်ဆန်တန် ၅၀ နဲ့ ဧည့်မထဆန် တ န် ၂၀၀၀ တင်ပို့ခဲ့ပြီး၊ အီးယူနိုင်ငံများသို့ ငစိန်ဆန် တန်၂၀ နဲ့ ပေါင်းဆန်တန် ၆၅၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၃၉၅ တန်လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုမှာ ယခုသီတင်း ပတ်အတွင်း တန်ချိန် ၂၇၂၅ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၇၆၂ သန်းဖိုးရှိပါတယ်။ ဆန်ကွဲကို စင်ကာပူ နိုင်ငံသို့ တန် ၁၀၀၊ တရုတ်နိုင်ငံသို့ တန် ၅၀၀၊ အီးယူနိုင်ငံများသို့ ၂၁၂၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် တန် ၁၉၀ ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။

 

ယဉ်ယဉ်အေး