Main menu

Background

မုံရွာကုန်စည်ဒိုင် မတ်လကုန်သီတင်းပတ် ပဲဈေးကွက် Export ပဲဈေးမာ ပြည်တွင်းသုံး ပဲဈေးအေး

Tue, 04/05/2016 - 11:37 -- journal_editor

           မုံရွာကုန်စည်ဒိုင် မတ်လကုန် ပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေထဲက ငုံနီနဲ့မတ်ပဲတို့ ဈေးမာခဲ့ကြ ပြီး၊ ပြည်တွင်းသုံး လိုအပ်ချက်မြင့်မားတဲ့ ကုလားပဲမျိုးစုံကလွဲရင် ကျန်ပဲတွေ ဈေး အေးခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ကုန်သည်လှောင်လက်ထက်  နယ် တောင်သူပဲတွေ  အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ    တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်အထိဖြစ် ခဲ့ပြီး၊ တစ်တင်း ၄၆၆၀၀ ကျ ပ်အထိ ဈေး မာခဲ့တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်နဲ့ကုန်သည်အရောင်းပုံမှန်ဖြစ်ခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၄၉၀၀၀ ကျပ်အထိ အမြင့်ဆုံး ေ ပါက်ဈေးဖြစ်ခဲ့ တယ်လို့ ဈေးကွက်မှ သိရပါတယ်။
           အထူးသဖြင့် ပြည်တွင်းဝယ်လို အားသာရှိခဲ့တဲ့ ကုလားပဲမျိုးစုံဈေးကွက် မှာ ယခုတစ်ပတ်အတွင်း ဆက်လက် ဈေးမြောက်နေပြီး၊ V2 နဲ့ 929တစ်တင်း ၃၄၅၀၀ ကျပ်အထိ  အမြင့်ဆုံးဈေး ပေါက်ခဲ့သလို အရောင်းအဝယ် အားဖြင့် တစ်ရက်အိတ်  ၁၅၀၀ မှ ၂၀၀၀ ကြား  အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါ တယ်။ ဒေသသုံးပဲဈေးကွက်ထဲမှာတော့ ထောပတ်ပဲဟာ  တစ်တင်း  ၁၁၅၀၀ ကျပ်အထိ အနိမ့်ဆုံးကျဈေးဖြစ်ခဲ့လို့ သွယ်ဝိုက်ဆက်နွယ်ဈေး ကွက်အဖြစ် ပဲနီ (စွန်တာနီ) ဈေးတစ်တင်း ၁၄၁၀၀ ကျပ်အထိကျဆင်းသွားပြီး၊ ပဲနီလုံးကြား လည်း တစ်တင်း  ၁၅၁၀၀ ကျပ်အထိ ဈေးအေးကာ နှစ်မျိုးပေါင်း အိတ် ၅၀၀ ခန့်သာ  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် ရပ်ကွက်မှ သတင်းရ ရှိပါတယ်။

 

ထွန်းလှိုင်-မုံရွာ