Main menu

Background

သာယာဝတီခရိုင်မှာ ဆောင်းသီးနှံရိတ်သိမ်းပြီး နွေစပါးများစိုက်ပျိုးနေပြီ

Wed, 04/06/2016 - 13:52 -- journal_editor

         သာယာဝတီခရိုင်အတွင်းရှိ တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသည့် စပါးတင်း ၁၀၀ ကို ၆၁၆၄၀၀ ကျပ်ဈေးရရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံမတ်ပဲကို မိုးစပါးရိတ်ပြီးလျှင်ပြီးခြင်း မြေအစု ဓာတ် အမီစော၍ စိုက်ပျိုးခဲ့သည့်တောင်သူများ ယခုအချိန်တွင် မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် မတ်ပဲတစ်တင်း ပေါက်ဈေး ၄၇၂၀၀ ကျပ်နဲ့ ယခင်နှစ်ကထက် ဈေးကောင်းရရှိ နေပြီဖြစ်ပါတယ်။
        ၎င်းပဲများနှုတ်သိမ်းပြီး  ဆည်ရေရရှိသည့် လယ်မြေများတွင် သက်လတ်နွေစပါးစိုက်ပျိုးကြရာ ယခင်နှစ်က စိုက်ပျိုးရန်လျာထားဧက ၄၇၈၃၇ အနက် ၄၆၅၅၄ ဧက စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ်မှာတော့ စိုက်ပျိုးရန် ဧက ၄၅၀၅၈ လျာထားပြီး မတ် ၂၃ ရက်အထိ ၂၈၅၇၀ ဧကစိုက်ပျိုးပြီးဖြစ်သဖြင့်  လယ်သမားများ  အားသွန်ခွန်စိုက် ဝီရိယထား ထွန်ယက်စိုက်ပျိုးနေခြင်းမှာ ယခင်နှစ်ကထက် စပါးဈေး၊ ပဲဈေးများကောင်း၍ အကျိုးအမြတ်များ ပိုမိုရရှိတာကြော င့် သုံးရာသီလယ်ယာမြေကို  အအားမထားဘဲ အကျိုးရှိအောင် လူမနား မြေမအားဘဲ စိုက်ပျိုးထုတ်လုပ်နေကြောင်း သိရပါတယ်။                                                                                                                        

 

ခင်ဇော်-လက်ပံတန်း