Main menu

Background

ပြည်စားတော်ပဲ ပြည်တွင်းဈေးကွက်မှာ နှစ်စဉ် ဈေးကောင်းရ

Wed, 04/06/2016 - 13:58 -- journal_editor

            နှစ်စဉ် ဈေးနေကာင်းရနေတဲ့ ပြည်တွင်းဝယ်လက်စားတော်ပဲသီးနှံဟာ ယခုနှစ်မှာလည်း  ကျပ် သုံးသောင်း အထက် ရရှိနေခဲ့ပါတယ်။ မင်းတုန်း၊ ကံမမြို့နယ်များမှ ပြည်ဈေးကွက်သို့ ဝင်ရောက်ခဲ့လို့ တစ်ရက် အိတ် ၁၅၀ ေ ကျာ် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ဝယ်လက်အနေဖြင့် လှောင်သမားရော၊ လက်လီပါအဝယ်ရှိခဲ့ပါတယ်။  ယခင်တစ်ပတ်က တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ခဲ့ရာမှ ယခုရက်မှာတော့ တစ်တင်း ၃၂၀၀၀ ကျပ်ရရှိခဲ့တာကို တွေ့ရ ပါတယ်။ ယခင်နှစ်က မတ်လအတွင်း လက်လီပဲထဲမှာ တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် ဈေးကောင်းတယ်လို့ ဆိုရမှာဖြစ်သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ကျပ် ၇၀၀၀ ခန့် ဈေးပိုရလာသလို အခြားပြည်တွင်း ဝယ်လက်ပဲများနဲ့ ယှဉ်ရင်လည်း ဈေး ကောင်းရနေတယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်