Main menu

Background

ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲ ၂၀၁၆ (HO CHI MINH CITY EXPO 2016) ကျင်းပ

Thu, 04/07/2016 - 11:33 -- journal_editor

         ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲ ၂၀၁၆ (Ho Chi Minh City EXPO 2016) ပြပွဲကို ဧပြီ ၁ရက်က ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့   မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Pham Thanh Dung ၊ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာအကြံပေး Mr. Vo Thi Ngoc Diep ၊ ဗီယက်နမ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာနမှ ညွှန်ကြားရေးမှူး Mr. Pham Thiet Hoa , UMFCCI မှတာဝန် ရှိသူများ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။
         ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ချိုက မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးြ မှုပ်နှံမှုများ တိုးတက်လာခြင်းသည် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏  ချစ်ခင်ရင်းနှီးမှုကို ပိုမိုတိုးတက်လာစေသည့်  ပြယုဂ်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံတို့၏ ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက်တစ်နှ စ် တိုးတက်လျက်ရှိသဖြင့် အလားအလာကောင်းများကိုလည်း မြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ ယခုပြပွဲမှလည်း ဗီယက်နမ်နိုင်ငံ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေနိုင်မည် ဖြစ်ပါကြော င်း၊ ယခုပြပွဲတွင် ဗီယက်နမ်နိုင်ငံ၏ထင်ရှားကျော်ကြားလှသည့် ထုတ်ကုန်များဖြစ်သည့် ပဲပိစပ်ဆီ၊ ငါးငံပြာရည်၊ ကော်ဖီစေ့ကြိတ်စက်၊ ကော် ဖီ ဖျော်စက်စသည့် ကုန်ပစ္စည်းများသည်  မြန်မာပြည် ဈေးကွက်အတွင်း အလားအ လာ ကောင်းသည့် ကုန်ပစ္စည်းများပင်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတိုင်ပင်ခြင်းဖြင့်  အနာဂတ်စီးပွားရေး အခွင့်အလမ်းများအတွက် အလားအလာကောင်းများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
         ယင်းကုန်စည်ပြပွဲတွင် ဗီယက်နမ် နိုင်ငံ၏ဈေး အသက်သာဆုံးလေကြောင်း လိုင်းတစ်လိုင်းဖြစ်သည့် Vietjet  လေကြောင်းလိုင်းလည်း ပါဝင်ပြသခဲ့သည်။ Vietjet ပြခန်းသို့ လာရောက်လည်ပတ်သူများအား ကံစမ်းမဲအစီ အစဉ်များ ထည့်သွင်းထားပြီး ကံစမ်းမဲ အစီအစဉ်များမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ သွား ရောက်လည်ပတ်နိုင်မည့် အခွင့်အရေးများကိုလည်း ရရှိမည်ဖြစ်သည်။ အဆိုပါပြပွဲကို ဧပြီ၁ရက်မှ ၃ ရက်အထိ ကုမ္ပဏီ ပေါင်း ၄၇ ခုမှ လာရောက်ပြသရောင်းချခဲ့ကြောင်း သိရသည်။

 

မယ်သီတာ