Main menu

Background

ပြည်ပဲပုပ် တစ်နှစ်လုံးဈေးအေးအရောင်းအဝယ်ဖြစ်

Thu, 04/07/2016 - 11:40 -- journal_editor

           ယခုနှစ်အတွင်း ပဲဈေးနှုန်းများ ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ် လက်ပဲပါ ဈေးကောင်းရရှိမှုများခဲ့ပေမယ့် ပဲပုပ်သီးနှံဈေးကတော့ ယခုနှစ် အတွင်း  ဈေးအေးခဲ့တဲ့နှစ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလမှ ယခု မတ်လ ကုန်အထိ ဈေးနှုန်းအခြေအနေကိုလေ့လာကြည့်ရာ တစ်နှစ်တာလုံး ကျပ်နှစ် သောင်းအောက်သာရရှိခဲ့ပြီး အနိမ့်ဆုံးတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အမြင့်ဆုံး တစ်တင်း ၁၉၅၀၀ ကျပ်သာရရှိခဲ့ပါတယ်။ မိုးပဲပုပ်ဈေးရော၊ ဆောင်းပဲပုပ် ေ ဈးပါ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲအထွက်လှိုင်လာချိန်ကာလများမှာ ရန်ကုန်ဝယ်လက်၊ နယ်ဝယ်လက်နဲ့ ဒေသတွင်း လက်လီသမားအဝယ်သွက်ပေမယ့် ပဲလက်ကျန်သာရှိတော့တဲ့ အချိန်မှာ လက်လီသမားအနည်းငယ်နဲ့သာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ ကြတယ်လို့သိရပါတယ်။  

 

ခင်ဆွေဝင်း-ပြည်