Main menu

Background

ကြို့ပင်ကောက် မန်ကျည်း ယခုနှစ် အထွက်လျော့

Thu, 04/07/2016 - 11:46 -- journal_editor

      ပဲခူးတိုင်းဒေသကြီး  အနောက် ကြို့ပင်ကောက်မြိ့နယ်တွင် မန်ကျည်းသီးကို သီးခြားစိုက်ပျိုးခြင်းမဟုတ်ဘဲ မိမိတို့၏ ခြံမြေအတွင်း ပေါက်နေသည့် မန်ကျည်းပင်များမှ အသီးများရင့်မှည့်ချိန်တွင် လှုပ်ခြွေ၍ရရှိသည့် မန်ကျည်း သီးများကို အခွံချွတ်ပြီး မန်ကျည်းသီး အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချ ကြပါတယ်။  အဝယ်ဒိုင်များမှ ဝယ်ယူ၍ မန်ကျည်းသီး ပွဲရုံ ၅ ရုံသို့ စုပေါင်းပေး သွင်းကြပါတယ်။  ပွဲရုံများအနေဖြင့် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့ရာ တွင် ယခင်နှစ် မန်ကျည်းသီးပေါ်စ ဇန်နဝါရီ မှာ တစ်ပိဿာ ၅၀၀ ကျပ်ဈေး၊ မတ်တွင်  ၄၅၀ ကျပ်ဈေးသာ ပေးဝယ်ပြီး မိုးဦးကျသည်နှင့် ဈေးချကြပါတယ်။ တစ်မြို့လုံးအနေဖြင့်  နှစ်တစ်ပတ်လည် ပိဿာချိန် ၉၀၀၀ ခန့်ကို တင်ပို့ခဲ့ကြပါ တယ်။ ယ ခုနှစ် မန်ကျည်းသီးပေါ်စ ဇန်နဝါရီလဆန်းတွင် ၆၀၀ ကျပ်ဈေး ဝယ်ယူခဲ့ပြီး မတ်လတွင် ၇၅၀ ကျပ်ဈေး နဲ့ ဝယ်ယူလျက်ရှိပါတယ်။ ယခုနှစ်တွင် မန်ကျည်းသီးထွက်ရှိမှု နည်းသဖြင့် ယနေ့အထိ ပိဿာချိန် ၅၀၀၀ ခန့်ကို ပြည်ြ မို့ ရှိ တောင်ကု တ် ပွဲရုံများသို့ တင် ပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ထပ်မံဝယ်ယူရရှိ သော မန်ကျည်းသီးများကိုလည်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း  သိရပါတယ်။

 

ခင်ခင်ထိုက်-လက်ပံတန်း