Main menu

Background

ဘိလပ်မြေဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်

Fri, 05/06/2016 - 14:31 -- journal_editor

ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ပိတ်ရက်အပြီး ဘိလပ်မြေဈေးက သိပ်မပြောင်းဘူး၊ ကြံ့ (မြိုင် ကလေး) ဘိလပ်မြေသာ၁၀၀ ကျပ်ဈေးကျခဲ့ပြီး  ကျန်ဘိလပ်မြေများက ယခင်ဈေး အတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း  ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၃၅၀ ကျပ်၊  ကြံ့(မြိုင်ကလေး) ၄၈၅၀ ကျပ်၊စိန် (ထိုင်း)၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ  အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ဆင်ကပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ စိန်နဲ့ကမ္ဘောဇက ဈေးနည်းနည်းကျလာပေမယ့် ကျန်ဘိလပ်မြေများက ယခင်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ၇၅၀၀ကျပ်၊ အပါချီ ၄၉၀၀ ကျပ်၊ ကမ္ဘောဇ ၄၆၀၀ ကျပ်၊နဂါး ၅၂၀၀ ကျပ်၊အေသုံးလုံး ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီကြောင့် သြင်္ကန်ပြီးနောက် ပိုင်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးက ၁၀၀  ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့တယ် လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၆၂၀၀ ကျပ်၊ စိန် ၆၁၀၀ ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၇၀၀ ကျပ်၊ ကြံ့နှစ်ကောင်(စိမ်း) ၅၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  ဘိလပ်မြေအရောင်းဆိုင်မှ   စုံစမ်းသိရှိခဲ့ပါတယ်။

သီတာဝင်း(DOT)  စုစည်းသည်