Main menu

Background

မြေသြဇာဈေးကွက် အရောင်းအေး

Fri, 05/06/2016 - 14:33 -- journal_editor

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ် အရောင်းတော်တော်လေး အေးနေခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်း ၁၅ ပတ်လည် (အစိမ်း)က ၁၃၀၀ ကျပ်နဲ့  ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၅၀၀ ကျပ်ဈေးကျခဲ့ပြီး ပုလဲအသေး၊ တီစူပါနဲ့ ကွန်ပေါင်း ၁၆း၁၆း၈ က ဈေးငြိမ်နေခဲ့တယ်လို့ စိုက်ပျိုးရေး အရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး ၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်လည် (ထိုင်း) ၃၆၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ပတ် လည် (ထိုင်း) ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၀၀၀ ကျပ်၊  တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၂၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း ရရှိခဲ့ပါ တယ်။
ရန်ကုန်ဈေးကွက်မှာ မြေသြဇာများက  အရောင်းအဝယ်ပုံမှန်ရှိတယ်။ဈေး ကွက်ထဲ ယူရီးယား၂၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း၊ တီစူပါ (သံကွင်း-တရုတ်) ၁၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည် ၃၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာပြီး ပိုတက်ကဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)၂၂၂၀၀ ကျပ်၊  ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၀၄၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ)၂၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (နေရွက်လှေ) ၃၇၈၀၀ ကျပ်၊ ကွန်ပေါင်း၂၅းရး၇ ၃၁၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါ တယ်။
မကွေးဈေးကွက်မှာ  ရာသီစိုက်ပျိုးချိန်လည်း  မရောက်သေးတာကြောင့် အရောင်းတော်တော်လေး အေးပေမယ့်  မြေဆီဈေးက နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ဈေး မှာ မြား ကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅  ၁၅၄၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၈၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၅၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)၂၃၃၀၀ ကျပ်၊ ယူရီးယား  -ပုလဲ (ရွှေတောင်-တရုတ်) ၂၁၃၀၀ ကျပ်၊ ယူရီးယား ၁၈၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၈၀၀ ကျပ်၊တီစူပါ ၂၁၀၀၀ ကျပ်၊ တောင်သူမ ၁၅၀၀၀ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်း သိရှိရ ပါတယ်။
တောင်ကြီးဈေးကွက်မှာ  မြေ သြဇာက သြင်္ကန်ရက်မတိုင်မီ အရောင်း ပုံမှန်ရှိခဲ့ပေမယ့် သြင်္ကန်ရက်နောက်ပိုင်း မှာ အရောင်းတော်တော် ပါးလာတယ် လို့  သိရပါတယ်။  မြေသြဇာဈေးက သြင်္ကန်မတိုင်မီဈေးအတိုင်း အရောင်း အဝယ်ဖြစ်တယ်လို့   သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးမှာ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀၀၀၀   ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၁၇၀၀ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၁၁၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၁၂၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၈၅၀၀ကျပ်၊ တီစူပါ   ၁၀း၁၀း၅ (တရုတ်)၁၅၅၀၀ ကျပ်၊  ဓာတ်ဆား (တရုတ်)၁၅၅၀၀ ကျပ်၊  ပိုတက်(တရုတ်)၂၄၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး )၁၈၅၀၀ကျပ်၊ မြားကမ္ဘာ ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။