Main menu

Background

ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့

Mon, 05/09/2016 - 15:48 -- journal_editor

ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှု ထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟော်မှ တန် ၁၁၀ တင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း    ကုန်သွယ်မှုမှ ဧပြီ ၂၄ရက်မှ ၃၀ ရက်အထိ ကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ ဆန် ၇၉၃ တန် တင်ပို့ခဲ့ပါတယ်။စင်ကာပူနိုင်ငံသို့ ဇီယာဆန် ၁၂၄ တန်၊ ပေါ်ဆန်း ၂၄ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန်တန် ၂၂၀၊ ပေါင်းဆန်တန် ၂၅၀ ၊ပေါ်ဆန်းဆန် တန်၁၀၀နဲ့ ငစိန်ဆန် ၇၅ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် ၆၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဆန်နဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၆၉၇ သန်း တန်ဖိုးရှိ ဆန်ကွဲ တန် ၂၅၅၀ ကို တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံသို့ တန် ၅၀ နဲ့ အီးယူနိုင်ငံများသို့ တန် ၂၅၀၀ တင်ပို့ခဲ့ပါတယ်။ဆန်ကွဲတင်ပို့မှုမှာလည်းယခင်တစ်ပတ်ထက်  တန် ၂၃၅၀  ပိုမိုခဲ့ပါတယ်။                                 

                ယဉ်ယဉ်အေး