Main menu

Background

မွန်ပြည်နယ်တွင် ရော်ဘာသစ်မှ အိမ်သုံးပရိဘောဂထုတ်စက်ရုံဖွင့်လှစ်

Fri, 05/13/2016 - 13:44 -- journal_editor

ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလား ထိုင်၊ ဘီဒို၊ ဆက်တီကုလားထိုင်၊ ကုတင်၊  နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းထုတ် စက်ရုံကို ဧပြီ ၂၉ ရက်က မွန်ပြည်နယ်၊  မော်လမြိုင်မြို့  ရိုးရိုးရွာမှာ ဖွင့်လှစ် လိုက်ပြီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ်ကုမ္ပလီမိတက်နဲ့ ဂျပန်နိုင်ငံမှOJC Forest & Products Co.,Ltd   Sumitomo Forestry Co.Ltd  တို့ ပူးပေါင်းကာ MOS Lumber Products    ကုမ္ပဏီအနေနဲ့ တန်ဖိုးမြှင့် ထုတ် ကုန်များအဖြစ်  ပရိဘောဂပစ္စည်းများ ထုတ် လုပ်သွားမယ်လို့ သိရပါတယ်။ရော်ဘာပင်အိုများ  အစေးထွက်နှုန်း ကျဆင်းလာတဲ့ အခါခုတ်လှဲပြီး ထင်းအဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာ သစ်ကို ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြှင့် ပရိဘောဂကုန်ချော ထုတ်စက်ရုံကို   ဖွင့်လှစ်လိုက်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်  အခွင့်အလမ်းများ ပေါ်ထွန်းလာပါ တယ်။ ရော်ဘာစိုက် တောင်သူများ လည်း ရော်ဘာသစ်ရောင်း ချရာမှ ယခင်ထင်းအဖြစ်  ခုတ်လှဲမှု ထက် ဈေးနှုန်းပိုမိုရရှိလာမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁၄ သိန်းကျော်ရှိတဲ့ အနက် မွန်ပြည်နယ်မှာ စိုက်ဧက လေးသိန်းရှစ်သောင်းကျော် ရှိပါတယ်။
                        

  MIRT