Main menu

Background

မြန်မာ့ရွှေဈေး ဈေးအမြင့်တွင်သာ ဆက်လက်ရှိနေ

Fri, 05/20/2016 - 14:46 -- journal_editor

ယခုတစ်ပတ်တွင်    ပြည်တွင်း၌ ရွှေဈေးရောင်းဝယ်မှုများမှာ ဈေးအမြင့် ဖြင့်သာ  အရောင်းအဝယ်ပြုလုပ်နေ ကြောင်း သိရသည်။ပြည်တွင်းရွှေဈေးသည် အတက် အကျအနည်းငယ် သာရှိေ နပြီး ကျပ် ၇၉၀၀၀၀ တွင်သာ  တန့်နေကြောင်း၊  ကမ္ဘာ့ရွှေဈေးမှာမူ အတက်အကျများရှိ နေကြောင်း၊ သို့သော် ပြည်တွင်းတွင် ရှယ်ယာဈေးများ ကျဆင်းနေမှုကြောင့် ရွှေဈေးကွက်တွင် ဈေးနှုန်းများတန့်နေ ရခြင်းဖြစ်ကြောင်းရွှေဈေးကွက်အတွင်း မှ သိရှိရသည်။
''ဒီတစ်ပတ်ကတော့ ရွှေဈေးကွက် ထဲမှာ အရောင်းအဝယ်က သိပ်မဖြစ် ဘူး။ အထည်ပိုင်းလောက်ပဲ နည်းနည်း ပါးပါးဖြစ်တယ်။ ဈေးက အတက်အကျ နည်းနည်းလောက်ပဲ   ရှိတာဆိုတော့ ဈေးကွက်ထဲမှာ  အရောင်းအဝယ်သိပ် မဖြစ်ဘူး။ ငွေလဲနှုန်းကလည်း တော် တော်လေးကို ငြိမ်နေတယ်။ ဒီတစ်ပတ် က အက်ဖ်အမ်အိုင်ရဲ့ စတော့ရှယ်ယာ ဈေးက ကျသွားတော့  ရွှေဈေးကွက်ကို အဲဒီဂယက်က  နည်းနည်းရိုက်ခတ်မှုရှိခဲ့ တယ်။ ဒါကြောင့်လည်း ရွှေဈေးကွက် မှာ ဈေးတွေ ငြိမ်နေရတာပါ။ ဈေး ငြိမ်သလိုအရောင်းအဝယ်လည်း တော် တော်လေးကို ငြိမ်ပါတယ်''ဟု ရွှေကုန် သည် ဦးစံမြင့်က ဆိုသည်။
ပြည်တွင်းရွှေဈေးသည် မေ ၉ ရက်က ကျပ် ၇၉၂၅၀၀ ရှိခဲ့ပြီး မေ ၁၁ ရက်တွင် ကျပ် ၇၉၀၀၀၀ သို့ အနည်း ငယ်ကျဆင်းခဲ့သည်။မေ ၁၃ ရက်တွင် ကျပ် ၇၉၁၀၀၀ သို့ အနည်းငယ်ပြန် လည်မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေး သည် မေ ၉ရက် တွင် ၁၂၇၉ ဒေါ်လာရှိခဲ့ပြီး မေ ၁၁ ရက်တွင် ၁၂၆၉ ဒေါ်လာသို့ကျဆင်း ခဲ့သည်။ မေ ၁၂ ရက်တွင်  ၁၂၇၆ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သော် လည်း မေ ၁၃ ရက်တွင် ၁၂၆၇ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့သည်။
မယ်သီတာ