Main menu

Background

ဆန်ချောရောဆန်ကြမ်းပါ အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ပုံမှန်ဆက်ရှိနိုင်

Wed, 06/01/2016 - 13:23 -- journal_editor

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မေ ၂၇ ရက် လက်ကားဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ လတ်စ ဆန်တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်န
ဲ့ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ထိပ်စ၊ လတ်စဆန်တစ်အိတ်ကို ၅၀၀ ကျပ်ခန့် ဈေးကျလာပါ တယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၅၀၀၀ ကျပ်ဖြစ်လို့ယခင် တစ်ပတ်ထက် ထိပ်စတစ်အိတ် ၅၀၀ ကျပ်ခန့် စီဖြင့် ရက် ခြားကာ ဈေးကျလာတာ တွေ့ရပါတယ်။ လတ်စဆန်ကတော့ တစ်အိတ်၁၀၀၀ ကျပ်ခန့် ဈေးကျလာပြီး နယ်စုံပေါ်ဆန်းဆန် များကတော့ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ် အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီဖြင့် ဈေးကျလာကြောင်း ဝါးတန်းကုန်စည်ဒိုင် ဈေး နှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ပေါ်ဆန်းဆန်ချောများ ကုန်စည်ဒိုင်သို့ အဝင်ပုံမှန်ရှိနေပြီး     မိုးရွာသွန်းမှုများနေလို့ အိတ်သားတက်မှာစိုးရိမ်ပြီး   များများဝယ်ယူသူမရှိဘဲ အရောင်းအဝယ်မှာ ပုံမှန်သာရှိနေကြောင်း ကုန်စည်ဒိုင်ဈေး ကွက်မှ စုံစမ်းသိရှိရပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် ထိပ်စတစ်အိတ် ၂၃၅၀၀ ကျပ်၊ လတ်စဆန် တစ်အိတ် ၂၂၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေ ကြောင်း၊ မနောသုခရှယ် ဆန်တစ်အိတ် ၂၅၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၁၀၀၀ကျပ်ခန့်ေ ဈး မြင့်လာပါတယ်။ ဒိုင်သို့အဝင်နည်းခြင်းကြောင့် ဈေးအနည်း ငယ်တက်ရခြင်းဖြစ်ကြောင်း၊ နွေသီးထပ် (ရှယ်) ဆန် တစ်အိတ် ၁၇၈၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ နွေဆန်ရက်၉၀ ဆန်ဈေးနှုန်း တစ် အိတ် ၂၀၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်ဖြစ်လို့  တစ်အိတ်၅၀၀ ကျပ်ခန့် ဈေးကျလာကြောင်း ကုန်စည်ဒိုင်ဈေးနှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်များ ကုန်စည်ဒိုင်သို့  ဝင်ရောက်မှုမှာ ပုံမှန်သာရှိပြီး အရောင်းအဝယ် မှာလည်း  ပုံမှန်ရှိကြောင်း၊  ရှေ့ဆက်ပြီးလည်းတက်ရိပ်၊ ကျရိပ်မရှိဘဲ ပုံမှန်သာ ဆက်သွားနိုင်တယ်လို့ ခန့်မှန်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
မူဆယ်ဆန်ဈေးကွက်ရဲ့ မေ ၂၇  ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်၊ မှော်ဘီနဲ့ စူပါ တစ်အိတ်ကို ၁၄၅-၁၄၈ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါ တစ်အိတ်ကို ၁၄၂-၁၄၄ ယွမ်၊ ဧည့်မထ ၂၅ မှတ်
မနောသုခတစ်အိတ် ၁၃၂-၁၃၈ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၄၃-၁၄၅ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၃၆ -၁၃၉ ယွမ်အသီးသီးဖြစ်ကြောင်း သိရပါ တယ်။ တရုတ်လိုင်းမူဆယ်ရဲ့ ဆန်ဈေးကွက်အခြေအ
နေမှာ  ဒီတစ်ပတ် ရာသီဥတုအခြေအနေကောင်းမွန်ပြီး စစ်ဆေးမှု များ မရှိတဲ့အတွက် ဝယ်လက်အဆွဲရှိတာကြောင့် ဒီတစ်ပတ် အတွင်း အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း မူဆယ်ဆန်ဈေး ကွက်မှ စုံစမ်း
သိရှိရပါတယ်။  မေ ၂၇ ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၈၀ ဒသမ ၈၃ ကျပ်ဖြစ်ကြောင်း ၊ ပြည်တွင်းနယ်စုံ မှ မူဆယ်သို့ နေ့စဉ် ဆန်တန်ချိန် တစ်ရက်ပျမ်းမျှ ၁၄၁၇ တန် ခန့်ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်
အတွင်း စုစုပေါင်း ဆန်တန် ချိန် ၇၀၈၄ တန်ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၀ ရက်အထိ တင်ပို့မှုမှာ တန်ချိန် ၇၆၀၅၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။  ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၅၉၄၄၇ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ်  ကာလတူထက် တန်ချိန် ၁၁၅၁၈၈ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ဖိုး လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန် ချိန် ၁၆၆၀၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅  သန်းကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၆၂၈၃၈ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ သန်း ကျော်ဖိုး လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

MT-  YGN